Chapter 68

123 13 0
                                    

အခမ်းအနား မစတင်ခင် တစ်ပါတ်အလိုတွင် နိုးလ်သည် သန့်စင်ပြီးသော ဆေး၏ ခံနိုင်ရည်ကို စမ်းသပ်ခဲ့သည်။

“မဒမ်် မြို့စားပြန်ရောက်ပါပြီ”

"အင်း... ခဏနေ လာမယ်လို့ မြို့စားကိုပြောလိုက်"

ရုတ်တရက် ဒီ အပြာရောင်မှိုကလည်း ချစ်စရာကောင်းတယ်လို့ စတင်မြင်လာသည်။ လွန်ခဲ့တဲ့ အပါတ်ကတည်းက သူမဒီမှိုကို ဂရုစိုက်ခဲ့ရသည်။ အပြာရောင်မှိုပွင့်က အပူချိန်နှင့် PH လယ်ဗယ်အား အထူး ခံစားမှုလွယ်တာကြောင့် သူမ မျက်ခြေမပျက်ရဲပေ။

"မင်း အရမ်း အလုပ်ဖိစီးနေတယ်လို့ ကိုယ်ထင်တယ်"

နိုးလ်သည် ရုတ်တရက် သူမဘေးမှအသံကိုကြားလိုက်ရသည်။

"OMG!! ရှင် ဘယ်အချိန်တုန်းက ဝင်လာခဲ့တာလဲ?"

ကျွန်မ နှလုံးတွေ ပြုတ်ထွက်သွားအောင် လန့်လိုက်ရတာ..

သူသည် တံခါးဝတွင်ရပ်နေကာ
"နာရီဝက်လောက်ပဲ ရှိပါသေးတယ်"

"တကယ်လား?  ရှင် ဘာကြောင့်ကြည့်နေရတာလဲ?"

"မင်း အရေးကြီးတစ်ခုခုလုပ်နေတာကို ကြည့်ရတာ ညစာစားရတာထက် ပိုကောင်းတယ်။"

သူမ အပြင်ကိုကြည့်လိုက်တော့ မှောင်သွားခဲ့ပြီ။ ဒီလိုအချိန်တွေ ကုန်လွန်သွားတာ သူမ မသိဘူး။  သူမအရမ်းအာရုံစိုက်မိနေတာလား?

သူအ ရှက်ရွံ့စွာ ပြုံးကာ “အင်း...အချိန်တွေ ကုန်သွားတယ်။”

"ကိုယ် အဲဒီနားကိုလာလို့ရမလား"

ဂိုဒေါင်ထဲမှာ ပစ္စည်းတွေအများကြီးရှိတာကြောင့် သတိမထားရင် အန္တရာယ်ရှိလေသည်။

"ရှင် ဘာမှ မထိရင် ရတယ်။"

သူက ကြီးမားတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့မို့လို့ တစ်ခုခု ထိခိုက်မိမလားဆိုပြီး စိုးရိမ်မိပေမယ့် သူက မမျှော်လင့်ပဲတိမ်းရှောင်နိုင်ခဲ့တယ်။

'အတားအဆီးတွေကို ရှောင်နေတဲ့ ကြောင်‌ေလးလိုပဲ...'

ဒါကို ပါးစပ်ကနေ ထုတ်‌ေပြာလို့မရဘူး။

"အဲဒါခက်ခဲရှုပ်ထွေးတာပဲ"

"ရှင် ဒီကိုရောက်မှတော့ ပျော်စရာလေးတစ်ခုပြမယ်"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now