Chapter 52

513 58 1
                                    


"ဘာဖြစ်တာလဲ?"

ကုန်လှောင်ရုံတံခါးမှ အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့်အမျှ မြင်ကွင်းသည် မှောင်လာခဲ့သည်။

"အင်း... ဘာဖြစ်နေတာလဲ?"  ဂျွန် က မေးလိုက်သည်။

အားလုံးကစီစဉ်ထားပေမယ့် သူက သဘာဝကျကျ ပဲ တုံ့ပြန်ခဲ့သည်။

"အမ်....ဂိုဒေါင်မန်နေဂျာက ကျွန်မတို့ဒီမှာရှိမှန်း မသိလို့ ပိတ်လိုက်တာလား??  ဟမ်...ထွက်သွားရမှ  သူ့ကို ကြိမ်းမောင်းရဦးမယ်"

“……”

“စိတ်မပူပါနဲ့။ အစေခံတွေက ကျွန်မဒီမှာရှိမှန်းသိလို့ ကျွန်မကိုလာရှာလိမ့်မယ်"  ဟု နိုးလ်သည် သူတို့နှစ်ယောက်လုံးကို စိတ်ချစေခဲ့သည်။

“အဲဒါဆို တော်သေးတာပေါ့”  ဒိုင်ယာနာက သက်ပြင်းချလိုက်သည်။

“မှောင်လာပြီ။  သတိထားပါ မဒမ်.."

"ရှင့်ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။  တကယ့်ကို မှောင်နေတာ ပဲ- အိုး ငါ့.....!"

နိုးလ်သည်တိုက်မိ၍ ဟန်ဆောင်ကာ အနီးနားရှိ အိတ်တစ်လုံးကို တွန်းချလိုက်သည်။

ထိုအိတ်ထဲမှ အဖြူရောင် အမှုန့်များ ထွက်လာခဲ့သည်။

"အဟွတ် အဟွတ်...!"

"ကျွန်မ ဂျုံမှုန့်အိတ်ကို မတော်တဆ ထိမိလို့ ဖြစ်မယ်"

နိုးလ်သည် ထိုသို့ပြောပြီး သူတို့ နှစ်ယောက်ကို ကြည့်လိုက်သည်။ (ဘာမှ မမြင်ရဘူးဆို)

“မှောင်နေတော့ ​​အန္တရာယ်ရှိမှာ သေချာတယ်။  မီးမှော်လေးကို သုံးလို့ရလား။ ပတ်​ဝန်းကျင်​ကို အလင်း​ပေးရင် ကောင်းမလားလို့ "

"ဟုတ်ကဲ့ကျွန်မလုပ်လိုက်ပါ့မယ်-"

“နေဦး....!”

ဒိုင်ယာနာကို နှောက်ယှက်ခဲ့သူကဂျွန် ပါ။

"ဘာလို့လဲ ဂျွန်"

“မဟုတ်ဘူး။ ဒီအခြေအနေမှာ မီးထွန်းတာ အန္တရာယ်ရှိမယ်လို့ ကျွန်တော်ထင်တယ်” ဟု သူက စကားထစ်ရင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ မီးက လက်ဖဝါးပေါ်မှာ ရှိနေမှာလေ...ဒါ မှော်ပညာ အခြေခံမဟုတ်ဘူးလား?"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now