Chapter 81

194 14 3
                                    


တကယ်က ဒီနေရာမှာလည်း လူသတ်မှု‌ေတွ ရှိပါတယ်။ ဒါပေမယ့် နှလုံး ပျောက်ဆုံးနေတဲ့ လူသတ်မှု ဖြစ်စဉ်ကိုတော့ သူမ မကြားဖူးဘူး။

မည်သူမျှ လူမသတ်ခဲ့ပါက မှော်ဆရာက လူသေအလောင်းထဲမှ နှလုံးကို ထုတ်ယူသွားသည်ဟု ဆိုလိုသည်။

မှော်ဆရာက အခုထိ လှုပ်ရှားနေသေးတာ ဖြစ်နိုင်တယ်...

ဒါပေမယ့် အဲ့ မှော်နက်ဆရာက နှလုံး ဘယ်နှစ်ခုလိုတာလဲ ? တစ်ခုတည်းလို့‌ေတာ့ သူမ မထင်ပေ။

အနည်းဆုံး တစ်ရာ ?

အဲဒါက တကယ်ကို ဟာသမဟုတ်ဘူး။

သင်္ချိုင်းဂူပေါင်း တစ်ရာကျော် တူးဖော်ခြင်းက တကယ့်ကို ကြီးမားတဲ့ ပင်ပန်းမှုတစ်ခု ဖြစ်လိမ့်မည်။

တားမြစ်ထားသော မှော်ပညာကို အပြီးသတ်ရန် ခက်ခဲပေမယ့် တကယ်၍ ပြီးမြောက်ခဲ့ပါက ရလဒ်များသည် အစွမ်းထက်ပြီး ထိန်းချုပ်၍မရနိုင်ပေ။

ရုတ်တရက် ထိုမှော်ဆရာက ဘယ်သူလဲလို့ သူမ တွေးမိလိုက်သည်။  အခုထိ မြင်ဖူးတဲ့ မှော်ဆရာ‌ေတွနဲ့ ခြားနားတယ်လို့ သူမ ထင်နေတယ်။

သူသည် လူများကို ပြန်ပေးဆွဲကာ gargoyles အဖြစ် သို့ ပြောင်းလဲလိုက်သည် ။

တခြားလူတွေရဲ့ သင်္ချိုင်းတွေ တူးတာတော့ မကောင်းဘူးလေ !  ဝိညာဉ်ကိုတွေ့ဖို့ပင် တားမြစ်ထားသေးသည်။

ချစ်ရသူကို ဆုံးရှုံးရသူတိုင်း ဒီလိုအဖြစ်အပျက်ကို လိုချင်မှာ မဟုတ်ဘူး။

သူက သာမာန်လူ မဟုတ်ဘူးလား?

ဘယ်သူလဲ?

သူမ တိတ်ဆိတ်နေတဲ့ ရူပါ့ခ် ကို ကြည့်လိုက်သည်။ သူက ရင်းနှီးမှုနဲ့ပတ်သက်ပြီး အတိအကျနားလည်မှာမဟုတ်ဘူး။

.. မှန်တယ်

ဒါ သဘာဝကျတယ်...

ဘာလို့လည်းဆိုတော့ သူက အဖိုးတန်တဲ့ လူတစ်ယောက်ကို ဘယ်တုန်းကမှ မပိုင်ဆိုင်နိုင်ခဲ့ဘူး။  မည်သူ့ကိုမှလည်း မချစ်ဖူးပေ။

ချစ်ရသူကို ဆုံးရှုံးပြီး ပျက်စီးခြင်းဆိုတဲ့ သဘောတရားကို အတိအကျ နားလည်ဖို့ ခက်ခဲပါတယ်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now