Chapter-31

1.2K 129 0
                                    

ချားလော့ နှင့် သူမသည် မျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာ နီးကပ်လာခဲ့သည်။ ချားလော့သည် သူမ၏ အခြေအနေအကြောင်း မကြာခဏ ပြောပြတတ်သည်။

“ကျွန်မခင်ပွန်းက ကျွန်မက ဘာမှ ကောင်းကောင်းမတတ်ဘူးလို့ ပြောတယ်။ သူ့‌ေကြာင့်သာမဟုတ်ရင် ကျွန်မတို့လမ်းပေါ်မှာ ငတ်သေလိမ့်မယ်တဲ့”

ခင်ပွန်းဖြစ်သူ၏ မကောင်းတဲ့စကားများကို အဆက်မပြတ်ကြားနေရသောကြောင့် သူမသည်ကိုယ်ကိုကိုယ်လေးစားမှု လုံးဝကျဆင်းသွားခြင်းဖြစ်‌ေလသည်။

နိုးလ် သည် သူမကမည်သူ့အကူအညီမှ မပါဘဲ တစ်ယောက်တည်း အလုံအလောက် ရပ်တည်နိုင်သူတစ်ဦးဖြစ်ကြောင်း ယုံကြည်မှုရှိစေရန် ကြိုးစားခဲ့သည်။

"အဲ့လို လုံးဝမဟုတ်ဘူး။"

အက်ဒီနဲ့လန့်ခ်ျ တို့ကို ကစားခွင့်တစ်ကြိမ်‌ပေးပြီးနောက် အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ကစားချင်တယ်ဆိုတဲ့ အကြောင်းပြချက်နှင့် ကြုံခဲ့ရလေသည်။ ဒါက  အတိုင်းအတာတစ်ခုအထိတော့ အဆင်ပြေခဲ့ပါသည်။

ကောင်းပြီ၊ ငါ ကြားလိုက်ရတာက မျှော်လင့်ထားတာထက် ပိုပြီးလေးနက်တဲ့အရာတွေရှိနေတယ်.....

"ဒါပေမယ့် ပတ်ဝန်းကျင်ကလူတိုင်းက ကျွန်မခင်ပွန်းက ဒီလိုလုပ်တာဟာ ကျွန်မမှားနေလို့ပဲလို့ ပြောကြတယ်…… ဇနီးသည်က မှန်တယ်ဆိုတာ ဘယ်တော့မှ ဖြစ်မလာဘူး"

နိုးလ်သည် ဒီ အခြေအနေကို အတတ်နိုင်ဆုံး ဓမ္မဓိဋ္ဌာန်ကျကျ တွေးချင်ခဲ့သည်။ သို့သော် ချားလော့ ၏ဝန်ခံချက်ကို သူမကြားတိုင်း ခေတ်မီတွေးခေါ်မှုများနှင့် ရောထွေးနေလေသည်။

ရှင့်ကို ရိုက်တဲ့သူက အတော်ဆိုးဝါးတယ်!!!!

"ကျွန်မကိုရိုက်ပြီးရင် သူမှားပါတယ် ။ ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူးလို့ အမြဲပြောတယ်......"

"သူ သေချာပေါက် ထပ်လုပ်မှာပဲ"

လူဆိုသည်မှာ  ပြောင်းလဲရန် မလွယ်ကူသလို အကြမ်းဖက်မှုကို လက်ကိုင်ထားလိုက်သည်နှင့် ပြန်လည်ပြုပြင်ရန်မှာ မဖြစ်နိုင်ပေ။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now