Chapter 29

1.2K 134 0
                                    



အဆုံးမှာ မဒမ် ရေ့စ်၏ ခန့်မှန်းချက်က မှန်လာခဲ့သည်။ နိုးလ်သည် လန်ဒါနှင့် ဆေးဝါးစင်တာ အနီးတစ်နေရာမှာ စကားပြောခဲ့သည်။ သူက မကြာခဏ ဒီနေရာကို လာပုံ ပေါ်လေသည်။

လူတိုင်းက သူ့လို ယဉ်ကျေးနေမယ်ဆိုရင် ကမ္ဘာကြီးက လှပနေလိမ့်မယ်....

"မဒမ် အကူအညီလိုရင် ကျွန်တော့်ကို လွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်..."

သူက မဒမ်ရေ့စ်ဆီက သတင်းကြားထားပြီးသားဖြစ်ရမယ်!!!!

"အလုပ်မရှုပ်နေဘူးမလား မြို့စား"

"မရှုပ်ပါဘူး"

"အာ......ခဏလေးစောင့်...."

လန်ဒါသည် ရုတ်တရက် သူ၏အိတ်ကပ်ထဲမှ လိုလီအား ဆွဲထုတ်ခဲ့လေသည်။

နိုးလ်က သူဘာလုပ်နေတာလည်း ကို မြန်မြန် သတိပြုမိသွားခဲ့သည်။ သူက သူမဂါဝန်နောက်မှာ ပုန်းနေတဲ့ ကလေးလေးကို ထွက်လာအောင် လုပ်နေတာပဲ....

လန့်ခ်ျ ထွက်‌လာသောအခါ လန်ဒါက ထို လိုလီပေါ့ ကို သူမလက်ထဲပေးခဲ့လေသည်။ လန့်ခ်ျသည် ပျော်လွန်း၍ ပြုံးဖြဲဖြဲ လုပ်နေခဲ့လေသည်။

သူတို့က တူမနဲ့ ဦးလေး လိုပဲ.... နိုးလ်သည် ထို ပျေယ်စရာ မြင်ကွင်းကိုကြည့်ပြီး ထပ်ပြောခဲ့သည်။

"ဒါပေမယ့် ရှင့် အမေရဲ့ အကြံအတိုင် လိုက်လုပ်စရာ မလိုဘူးနော်...."

သူမ က သူ့အမေဖြစ်နေရင်တောင်မှ အာနက်မိသားစုမှာ လန်ဒါက အာဏာရှင် အစစ်ဖြစ်လေသည်။ လန်ဒါဘက်မှ ကြည့်မည်ဆိုလျှင် ထိုကဲ့သို့ မတော်တဆမှုမျိုးက အသေးအဖွဲ ဖြစ်လေသည်။

"အမေ့သဘောအတိုင်း လုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော်က မှန်တဲ့အရာကိုပဲ လုပ်နေတာပါ..."

"မဒမ်က ကျွန်တော်တို့ဆီ လာဖို့ မကြိုးစားဖူးလေ..."

"ကျွန်တော့် ကို စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး မထင်လိုက်ပါနဲ့... ကျွန်တော်က မဒမ်တို့ အဆင်ပြေနေတယ်ဆိုတာ သေချာ အတည်ပြုချင်ရုံပါ..."

တကယ်လားးး.....

အင်း.... ရူပါ့ခ်ဆီသာ အဲ့လို သွားခဲ့မယ်ဆိုရင် ကိုယ်ထိလက်ရောက် ရန်ပြု ကျူးကျော်တာ်ဆိုပြီး ခေါင်းဖြတ်ခံရဦးမယ်.....

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now