Chapter 39

1.5K 129 6
                                    

 


နိုးလ်သည် မစ်ရေ့စ်နှင့် နဲ့ ပူးပေါင်းကြံစည်မှုပြီးသွားသည့်အခါ ဗီလာကို ပြန်လာခဲ့သည်။

သူမ ပြန်ရောက်လာသည့်အခါဟေးလိစ်မရှိဘဲ လန့်ခ်ျသည် အေရမ်နှင့်ကစားနေခဲ့သည်။

သူမ ရူပါ့ခ်ကို ရှာဖို့ ကြိုးစားလိုက်ပေမယ့် မမျှော်လင့်ဘဲ သူက သူမဆီသို့အရင်ရောက်လာခဲ့သည်။

နိုးလ်သည် သူ့မျက်နှာကိုမြင်လိုက်တာနဲ့သူမကမ်းလှမ်းမှုကို လက်သင့်ခံနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေဝင်လာခဲ့လေသည်။

'မဟုတ်ဘူး.....‌ေဟးလိစ်နဲ့ အေရမ်က ငါ့မှာအားသာချက်တွေ ရှိတယ်လို့ပြောတယ်...'

ထို့အပြင် ရူပါ့ခ်သည် စိတ်လှုပ်ရှားမှုလွန်ဆွဲမှုကို အချိန်အကြာကြီး ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်ပေ။

သူမလက်နှစ်ဖက်ကို ပိုက်ထားခဲ့ပြီး တတ်နိုင်သမျှ အမူအရာကိုတည်တည်ကြည်ကြည် ထိန်းသိမ်းခဲ့သည်။

"ရှင့်ကို ပြောချင်တာတစ်ခုရှိတယ်။"

"ငါရောပဲ...."

သူမ မျှော်လင့်ချက်အချို့နဲ့ မေးလိုက်သည်။

"ရှင်ပြန်မှာလား?"

“မပြန်ဘူး၊ အဲဒါနဲ့ဆန့်ကျင်ဘက်ပဲ”

သူဆိုလိုသည်မှာ အဆုံးတိုင်အောင် ခေါင်းမာလိမ့်မည်ဖြစ်သည်။

“အရင်တုန်းကတော့ရှင်ကကျွန်မတို့နဲ့ မျက်လုံးချင်းဆုံတိုင်း ထွက်သွားဖို့ ပြောတယ်။ အခုတော့ ရှင်ကရုတ်တရက် ဆန့်ကျင်ဘက်တွေ ပြုမူနေတယ်” ဟုသူမ ငြီးတွားလိုက်တယ်။

ဒီအချိန်မှာ ရှင့်ရဲ့ သဘောထားက ဘာကြောင့် ပြောင်းလဲလာတာလဲ?

"ကိုယ် မေတ္တာတွေ ပေးချင်တာပါ..."

"ရှင့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ တွေးကြည့်ရင်‌ေတာ့ ဒါကမယုံနိုင်စရာပဲ....."

ရုတ်ချည်း မေတ္တာတွေထင်ဟပ်နေတယ်ဆိုတာ ယုံရခက်လေသည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မဒီအခြေအနေကို လိုက်မမှီနိုင်တော့လို့ ရလဒ်‌တစ်ခုထွက်လာဖို့ နည်းလမ်းတစ်ခုကို စဉ်းစားခဲ့တယ်။"

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now