Chapter 34

1.2K 134 1
                                    


နောက်ထပ် အိပ်မက်တစ်ခု....

တစ်ဖန် သူမ ခန္ဓာကိုယ်သည် သရဲတစ္ဆေကဲ့သို့ ကြည်လင်နေပြီး သူမရှေ့ရှိ အတားအဆီးများကို အလွယ်တကူ ကျော်ဖြတ်နိုင်ပြန်ခဲ့သည်။ သူမသည် စိုးရိမ်သော မျက်လုံးများဖြင့် လှည့်ပတ်ကြည့်မိလိုက်သည်။ သူမသည် အဆောက်အဦး တစ်နေရာရာထဲ၌ ရှိနေပုံပေါ်ပြီး ဒါပေမယ့် အဲဒီေနရာကို သူမ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

ထိုအထဲမှာ ဖုန်တွေ အများကြီးရှိနေလို့ မြင်ကွင်းက မှုန်ဝါးနေခဲ့သည်။ ဒါက ကြိုတွက်လို့ရတဲ့ အိပ်မက်တစ်ခုပဲလား.... သူမ ခဏလောက် လမ်းလျှောက်ပြီးေတာ့ လူတွေပေါ်လာခဲ့သည်။

အဲ့ဒီမှာ သူမ ရင်းနှီးတဲ့ မျက်နှာတွေကို တွေ့ခဲ့သည်။ရေဗန်စစ်သည်တော်တွေလား?  ရေဗန်စစ်သည်တော်များ သည် နိုးနိုးကြားကြားရှိသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေကြသည်။ ဒီအထဲမှာ အေရမ် လည်းပါလေသည်။ သူရဲကောင်းများက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေပုံရသည်။ ပထမဆုံးအနေနဲ့ သူမက ပိုသက်တောင့်သက်သာရှိတဲ့ အေရမ်နောက် ကို လိုက်ခဲ့သည်ထို့နောက်သူ ရုတ်တရက် ခေါင်းကို လှည့်ခဲ့သည်။

နိူးလ် အမှတ်မထင်ဖြစ်သွားလို့ လန့်ဖျပ်သွားပေမယ့် သေချာတာကတော့ သူမ သူ မမြင်ခဲ့ဘူး။

[ဒီက အခုချက်ချင်း ထွက်သွား-] အေရမ်ဟု အော်ဟစ်လိုက်သည် ။

ထိုအချိန်မှာ....

ဝုန်းးး.......

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီးတောက်များကကြီးမားလာခဲ့သည်။ အနီးနားရှိ သူရဲကောင်းများသည် ပေါက်ကွဲမှုတွင် ချက်ချင်းဆိုသလိုပင် ပါဝင်သွားခဲ့သည်။

အဓိပ္ပာယ်မရှိတာ...

အံ့သြစရာေကာင်းတယ်.....သူမ  မီးလောင်နေတဲ့ အေရမ် ဆီကို လက်ဆန့်လိုက်တယ်။

“နိုး!”

သူမ အော်ဟစ်ပြီး အိပ်ရာကနေ နိုးထလာခဲ့သည်။သူမတစ်ကိုယ်လုံး ချွေးတွေရွှဲလာခဲ့သည်။သူမ  ပါးပြင်မှာကပ်နေတဲ့ ဆံပင်တွေကို အကြမ်းဖျင်းဖယ်ချလိုက်သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now