Chapter 22

1.2K 150 3
                                    



ရူပါ့ခ်သည် ပွင့်လင်းစွာပင်

"အခုမရဘူး။ နည်းလမ်းရှိရင်တောင်မှ ငါတို့မှာ အခုအချိန်မရှိဘူး...."

ထို့နောက်

" အခု မင်း ဘာလုပ်မလဲ ??"

"တောင်းပန်ပါတယ်"

ထိုလက်ထောက်တွင် တုံ့ဆိုင်းမှုများ ရှိနေမှန်း သူသိခဲ့သောကြောင့် ရူပါ့ခ်သည် နည်းလမ်းပြောင်းရန် စီစဉ်ခဲ့သည်။

"ကောင်းပြီလေ ...အခု မင်းက ငါးစာလုပ်။ ငါက ကလာပ်စည်းကို ဖျက်ဆီးမယ်"

“……”

လောရန့်သည် သူ့၏ဓားအား မြဲမြံစွာ ဆုပ်ကိုင်ကာ ရူပါ့ခ်သည်သာ ထိုတာဝန်နှင့် အလိုက်ဖက်ဆုံးဟု တွေးနေခဲ့သည်။

"ငါ အချက်ပြရင် သူတို့ကို ဒီကို မျှားလာခဲ့...."
ရူပါ့ခ်သည် အမိန့်ပေးကာ ထွက်သွားခဲ့သည်။ ခဏအကြာတွင် gargoyle သည် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

"အခု !!!!?"

လောရန့်သည် ရူပါ့ခ်၏အမိန့်အတိုင်း ထွက်လာခဲ့ကာ တစ်ချိန်တည်းမှာပင် ရူပါ့ခ်သည် gargoyle၏အနောက် ကလာပ်စည်း၏ အနီးတွင် တွင်ရပ်နေခဲ့သည်။ သို့သော် သူတို့၏ အရေပြားသည် မာကြောနေသောကြောင့် နုလုံးကို တိုက်ခိုက်ဖို့ရာ မလွယ်ကူခဲ့ပေ။

ဒါပေမယ့် ရူပါ့ ခ် လုပ်နိုင်ခဲ့တယ်။

Croak!

သူ၏ဓားသည် မွန်းစတား၏ ကိုယ်လုံးအား တစ်ခဏအတွင်းမှာပင် ခက်ခြမ်းခွဲလိုက်သည်။ အထဲတွင် အလင်းရောင်ဖျော့နေသော ကလာပ်စည်းအား မြင်လိုက်ရသည်။ ထို့နောက် ရူပါ့ခ်၏ဓားဖျားသည် ထိုအရာအား ထိုးစိုက်လိုက်သည်။

Stab!

ဒါ နောက်ဆုံး အသက်ရှူသံပင်ဖြစ်သည်။ ထို့နောက် ကြီးမားသော ခန္ဓာကိုယ်က တစ်ချက်လှုပ်သွားကာ ငြိမ်ကျသွားခဲ့သည်။

“ဒါ မူလ ကိုယ် မဟုတ်သေးဘူး……”

တစ်စုံတစ်ဦးက ဝမ်းနည်းစွာ ရေရွတ်ခဲ့သည်။ ရူပါ့ခ်သည် သူ့၏သွေးစွန်းနေသော ဓားအား ဆွဲထုတ်လိုက်သည်။ သူ့အတွက် ကျန်ရှိနေတဲ့ အခြား မွန်းစတားနှစ်ကောင်ကို သတ်ဖို့က အရေးကြီးဆုံးပဲ....

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now