Chapter 5

1.6K 172 0
                                    

အခု ငါ့ကို ရန်လိုနေတာကောင်းပါတယ်။ ဒီကိစ္စတွေပြီးသွားရင် ရှင့် ရန်လိုစိတ်တွေ နည်းသွားမယ်လို့ အာမခံနိုင်တယ် ?????

စိုးရိမ်မှု တစ်ချို့နှင့်အတူ သူမ စာချုပ်လက်မှတ်ထိုးလိုက်သည်။ ယောင်္ကျားနှစ်ယောက်၏မဲ့ပြုံးဖြင့် အကြည့်ခံလိုက်ရပြီးနောက် သူမသည် ယုံကြည်မှုအပြည့်ဖြင့် ရုံးခန်းမှ ထွက်ခွာခဲ့သည်။ ခဏအကြာတွင် ရေဗန် စစ်သည်တော်အချို့အား သူမပြောသည့်မြေနေရာကို စုံစမ်းရန် စေလွှတ်ခဲ့လေသည်။

* * *

ရေဗန် စစ်သည်တော်များသည် ရူပါ့ခ်မှ သူ့စိတ်ကြိုက် တစ်ဦးချင်းစီ ရွေးချယ်ထားခြင်းဖြစ်သည်။ သန်မာလှသော စစ်သည်တော်များစုစည်းနေခြင်းကြောင့် ရေဗန်စစ်သည်တော်များ၏အရည်အချင်းသည် အင်ပါယာတစ်ခုလုံးတွင် အတော်ဆုံးများ ဖြစ်လေသည်။ ထို့ကြောင့်  ဂုဏ်ယူဝင့်ကြွားစွာ ကျော်ကြားသော ရေဗန်၏ သူရဲကောင်းများသည် ရုတ်တရက် အမိန့်ကြောင့် စောဒကတက်ကြေလသည်။

"ဒီလို အစွန်အဖျားပိုင်းမှာ ရင်းနှီးမြှပ်နှံဖို့ ဘာကြောင့် ရုတ်တရက် ကျွန်တော်တို့ကိုခိုင်းတာလဲ ဆရာ ??? "

စစ်သည်တော်များ၏ တပ်မှူး ဘာ့ထ် သည် တည်ငြိမ်စွာဖြင့်မေးခဲ့လေသည်။

"ဆရာ ရဲ့ အမိန့်က ပုံမှန်မဟုတ်ဘူး ? လောရန့် ကျွန်တော်တို့ ပါးစပ်ကို သေချာပိတ်မှရမယ်"

“……”

လောရန့်သည် ငယ်ရွယ်သော စစ်သည်တော်တစ်ဦးဖြစ်ပြီး ပါးစပ်ဖွာသူဖြစ်သည်။ သူသည် ဆယ်ကျော်သက်အရွယ်ဖြစ်ပြီး ဖြစ်ပြီး စစ်သည်တော်များထဲတွင် အငယ်ဆုံးသူရဲကောင်းလည်းဖြစ်သည်။

"ငါ သိပါတယ်။ ဒါပေမယ့် ငါကြားခဲ့တာက ဆရာ့ နာမည်နဲ့မဟုတ်ဘူး။ သူ့ဇနီး နာမည်နဲ့ ......"

ရူပါ့ခ်ဇနီး နိုအယ် အေရီယယ်သည် စစ်သည်တော်များအဖွဲ့တွင် နာမည်ဆိုးဖြင့်ကျော်ကြားသူဖြစ်လေသည်။ နိုးလ်နှင့် တွေ့ဖူးသည့် စစ်သည်တော်များသည် အနည်းငယ်သာ ရှိပေမယ့် ကောလဟာလများသည်တော့ အလွန်ဆိုးဝါးလေသည်။ သူမဆံပင်ကို ရှုပ်အောင်ဖြီးလို့ အစေခံ၏ကျောကို အချက်ပေါင်းများစွာ ရိုက်နှက်ဖူးသည်တောင် သူတို့ကြားဖူးကြသည်။ ထို့ကြောင့် စစ်သည်တော် တပ်ဖွဲ့ထဲတွင် မည်သူမျှ နိုးလ် ကို မကြိုက်နှစ်သက်ကြပေ။ သူတို့ ဆရာ၏ ဇနီး ဖြစ်တာကြောင့် စကားများအား လက်လွှတ်စပယ် မပြော ရဲကြပေ။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now