Chapter 71

196 23 3
                                    

ဒီအနံ့က ရေမွှေးနံ့လိုပဲ။ မြေကြီး၊ သစ်ကိုင်း၊ သစ်မြစ် ကဲ့သို့ မမျှော်လင့်ထားတဲ့ နေရာကနေ ရနေတာ... သာမာန်လူတွေက ဒါကို သတိမပြုမိနိုင်ဘူး။ ကျိန်စာရဲ့ကျေးဇူးကြောင့် ပြီးပြည့်စုံတဲ့ အာရုံငါးပါးကြောင့် ရနေခြင်းဖြစ်သည်။

အနံ့က စစ်သည်တွေ ရှာဖွေတွေ့ရှိထားတဲ့ လမ်းကြောင်းရဲ့ ဆန့်ကျင်ဘက် က လာခြင်းဖြစ်သည်။

မဖြစ်နိုင်ဘူး...

“ဟေးလိစ်”

“ဟုတ်ကဲ့”

“စစ်သည်ကို အုပ်စု နှစ်ခုခွဲ... တစ်ခုကို သူတို့ရှာတွေ့ထားတဲ့ လမ်းကြောင်းကိုသွားခိုင်း”

“အခြားတစ်ခုကရော?”

“နားဖို့လား?”

သူရဲ့ ခန့်မှန်းချက်သာ မှန်ရင် ဘာအချိန်ကြာမှုမှ မဖြစ်သင့်ဘူး။ အနံ့သာ အချိန်ကြာလို့ ပျယ်သွားခဲ့ရင် လိုက်ရခက်သွားလိမ့်မယ်။

ရူပါ့ခ်သည် "မင်းရဲ့ အကောင်းဆုံးလူတွေကို ခေါ်လိုက် ...သွားမယ်"

ချက်ချင်းပဲ သူစတင်လှုပ်ရှားခဲ့သည်။

“ဟမ်…….”

သူရဲ့ စစ်သည်တော်များကလည်း မည်သည့်တုံ့ဆိုင်းမှုမှ မလုပ်နိုင်ပဲ အုပ်စုနှစ်ခုခွဲကာ ချက်ချင်း ရူပါ့ခ်နောက်သို့ နောက်သွားကြသည်။

......

ထို့နောက် နိုးလ်သည် အတန်ကြာ မတ်စောက်သော တောင်ပေါ်သို့ အတင်းတက်ခိုင်းခံရသည်။ ပတ်ဝန်းကျင် မှောင်လာသည့်အခါ သူမတို့ အနားယူကြသည်။ သူမ၏ အကြည့်က တောင်လည်တွင် တည်ဆောက်ထားသော အဆောက်အဦး၌ ကျရောက်နေခဲ့သည်။

ထိုအဆောက်အအုံက ခရီးသွားများ ခရီးတစ်ထောက်နားဖို့အတွက် နေရာ ဖြစ်ပုံပေါ်သည်။ အချိန်အတန်ကြာ အသုံးပြုပုံ မပေါ်ခဲ့တာကြောင့် အသုံးဝင်တဲ့ လက်နက်လည်း မရှိပေ။ ပြန်ပေးဆွဲသူတွေ ထားခဲ့တဲ့ မီးပုံးသာ ထောင့်၌ ကျန်ခဲ့သည်။

တံခါးသည် သော့ခတ်ထားပြီး အပြင်ဘက်၌ လူစောင့်နေကြသည်။ သက်သာရာ ရတာ တစ်ခုက လက်ပဲ ချည်ထားခံရခြင်းဖြစ်သည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now