Chapter 78

110 15 0
                                    


ရူပါ့ခ်သည် မိုက်ကယ် ရောက်လာကတည်းက ပို၍ အလုပ်ရှုပ်လာခဲ့သည်။ ရေဗန်စသ်သည်တွေရဲ့ လှုပ်ရှားမှုတွေကလည်း တစ်ခုခု ရှိနေသလိုပဲ။ ဒါကြောင့် သူမနဲ့ ရူပါ့ခ်က စကားပြောဖို့အချိန်မရှိခဲ့ပေ။ သူမ သိနေတဲ့ အရာတွေကိုတောင် သူကမမေးတော့ပေ။

ငါအရင် ပြောလိုက်ရင် ကောင်းမလား?

သူမ နည်းနည်းကိုးရိုးကားယား နိုင်တယ်လို့ ခံစားလိုက်ရတယ်။

ငါ သူ့ကို သတိရနေတာလား???

ကောင်းတာ တစ်ခုက အရာရာ အိုကေ စိုပြေနေတာပဲ။ ယခု သူမလက်ထဲက အဖြူရောင်အမှုန့်က ပင်နီဆီလင်ပဲ။

"ကျွန်မ ထင်တာထက် ပိုမြန်တာပဲ"

မိုက်ကယ်လာပြီးမှ ဆေးက မယုံနိုင်စရာ အရှိန်နဲ့ ထွက်ပေါ်လာသည်။ သူက အရာရာသိနေသလို အဆင်ပြေခဲ့သည်။ နိုးလ်သည် သူမဘေးမှ သမားတော်ကို ပြုံးပြလိုက်သည်။

"ဒါ မိုက်ကယ်ရဲ့ ကျေးဇူးကြောင့်ပါ"

"ဒါက ပုံကြီးချဲ့တာပါ။ ရှင့်ရဲ့ အသိပညာနဲ့ စကေားတွေသာမရှိရင် အဆင်ပြေမှာ မဟုတ်ဘူး"

သူမရှေ့မှ အမှုန့်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ သူမ မထင်တာက မှော်ပညာနဲ့ အေးခဲ- ခြောက်သွေ့ခြင်းကို လုပ်နိုင်တယ် ဆိုတာပဲ...

အေးခဲ-ခြောက်သွေ့ ခြင်း နည်းလမ်းဆိုတာ အေးခဲနေတုန်း ဖိအားဖြင့် အခြောက်ခ့ခြင်း နည်းလမ်းဖြစ်သည်။ ဒီနည်းလမ်းဖြင့် အစာတွေ မိုက်ခရိုအော်ဂနစ်ဇင် တွေကို သိုလှောင်လို့ရလေသည်။

မော်ဒန်ခေတ်မှာဆိုရင် ထိုနည်းလမ်းကို ဆေးသိုလှောင်တဲ့ အခါမှာပါသုံးလေသည်။ သူမ အံ့ဩတာက ထိုနည်းလမ်းက ဒီနေရာမှာပါ သုံးလို့ရတာ ဆိုတာကိုပင်။ သူမ က စမ်းသပ်ဖို့ ပမာဏ နည်းနည်းကို ပြုလုပ်ခဲ့ပေမယ့် အခုတော့ ဝင်ငွေတွေ စီမံဖို့ သူမ အစီအစဉ် ချရတော့မယ်... ဒါတွေကို မိုက်ကယ်မရှိပဲ လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ သူ့ကို လူတွေ ဘယ်လောက် အလိုရှိနေတယ် ဆိုတာကို သူမ နားလည် သွားပြီ။ စုန်းပညာရှင် ရှုန တောင် မိုက်ကယ်ရဲ့ အစွမ်းနဲ့ ယှဉ်ရင် မှေးမှိန်သွားလေသည်။

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now