Chapter 26

1.2K 146 0
                                    


နိုးလ်သည် ရထားလုံးတွင် သူမ၏ မိသားစုဆံဆိပ်ကို မတပ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမတို့အား မည်သူမှ သတိ မထားစေချင်သောကြောင့်ဖြစ်သည်။

ဒါ့အပြင် သူမတို့ သားအမိ သည် အဖိုးတန် အဝတ်များအစား သာမာန်အဝတ်ကိုသာ ဝတ်ဆင်ခဲ့ကြသည်။ အထူးတလှယ်အကြောင်းပြချက်မရှိပဲ လှုပ်ရှားရ လွယ်ကူအောင်ပင်ဖြစ်သည်။ သို့မှသာလူအများက သာမာန်လူ ဟု ထင်ကြပေလိမ့်မည်။

"ကျွန်တော် မဒမ်တို့နောက် လိုက်ပေးရမလား မဒမ်??"

ရထားလုံးမောင်းသမားက သတ်မှတ်ရာ နေရာတွင်ရပ်ပြီး မေးလာခဲ့သည်။

"မလိုဘူး အဆင်ပြေပါတယ် ဒီနားက ကိတ်မုန့်ဆိုင်ကိုပဲ သွားမှာ။"

ရထားလုံးသမယးသည် ဦးထုတ်ချွတ်၍ ဦးညွတ်လိုက်သည်။

"ဒါဆို ကျွန်တော် ဒီမှာပဲ စောင့်ပါမယ်။"

သူမသည် ပြုံးကာ အနည်းငယ် ခေါင်းညိမ့်အသိအမှတ်ပြုလိုက်သည်။ လန့်ခ်ျသည် သူမ၏ လက်တစ်ဖက်အားကိုင်ကာ တီးတိုးရေရွတ်နေသည်။

"ကိတ်....."

ကြီးမားသော တူးမြောင်းကြီး၏ ဘေးတစ်ဖက်တွင် ဆိုင်များ နှင့် ကစားကွင်းက တည်ရှိလျက်ရှိသည်။ ထိုလျှောက်လမ်းများသည် လမ်းလျှောက်ဖို့နှင့် ကစားဖို့အတွက် အသင့်တော်ဆုံး ပုံစံတစ်ခု ဖြစ်နေသည်။

တူးမြောင်းထဲတွင်လှေစီနေကြသူများလည်း အနည်းငယ်ရှိသည်။

လှလိုက်တာ!!!!

"Kyaaaah"

ထိုအခိုက် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
သေစမ်း......
ငါ က အေးချမ်းလိုက်တာလို့ ထင်နေတာလေ!!!!

လန့်ခ်ျသည်လည်း ထိုအော်သံတည်ရှိရာသို့ လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ ??"

ငါတော့ မွန်းစတားတွေ မတွေ့မိဘူး....ဒါဆို  လူတွေကြားက ပြဿနာပဲ ဖြစ်မယ်!!!!

ထိုအချိန်တွင် လန့်ခ်ျက သူမအား ဦးဆောင်ကာ

"မား သွားကြည့်ရအောင်"

"ဒါက အန္တရာယ်ရှိနိုင်တယ် လန့်ခ်ျ"

"ဒါပေမယ့် တစ်စုံတစ်ယောက် ဒဏ်ရာရသွားနိုင်တယ်လေ...""

I SC of War-Mad Husband (MM Translation) Zawgyi+UnicodeWhere stories live. Discover now