76

8.3K 1.5K 120
                                    

Unicode

“ရောက်ပြီ..”

ရွှယ်ယို့ရှန်းရဲ့ လက်သေးသေးလေးကို ဆွဲကိုင်ရင်း မြို့တော်ရဲ့တံခါးဂိတ်သို့ ရောက်လာခဲ့ချေပြီ။

“နောက်ဆုံးတော့ မြို့တော်ကို ရောက်ပြီပေါ့..”

ဟင်္သာပြဒါးလိုနီရဲနေတဲ့ မြို့အဝင်ဂိတ်ကြီးနဲ့ မြင့်မားလှတဲ့ နံရံကြီးကိုကြည့်ပြီး ရွှယ်ယို့ရှန်းတစ်ယောက် စိတ်လှုပ်ရှားသွားတယ်။ ဒီမြို့တော်ကြီးကို ရှေးဟောင်းနန်းတော်ကြီးရဲ့ပုံစံအတိုင်း ရေးဖွဲ့ထားခဲ့တာဆိုပေမယ့် အပြင်မှာတွေ့လိုက်ရတော့ အတော်လေး စိတ်ကျေနပ်စရာပဲ။ အပျင်းထူပြီး ရှေးဟောင်းနန်းတော်ကြီးကို ပုံစံတူကူးချခဲ့တာ အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်လို့ ပြောရမယ်။ ဒီကမ္ဘာပေါ်မှာ အခုလို ရင်းနှီးနေကျအရာတစ်ခုကို မြင်လိုက်ရတာက သူ့ကို အရမ်းစိတ်ချမ်းသာစေတယ်။

“အင်း..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်တယ်။ ကောင်လေးရဲ့ လည်ပင်းအပြင် နောက်ထပ်သူအကြိုက်ဆုံးအရာက ဆံပင်တွေကို ပွတ်သပ်ပေးရတာပဲ။ ကောင်လေးရဲ့ ဆံပင်တွေက တစ်ခါကိုင်မိရင် ပြန်မလွှတ်ပေးချင်လောက်အောင် အရမ်းနူးညံ့ပျော့ပျောင်းတယ်။

“အထဲဝင်ကြရအောင်..!”

ရွှယ်ယို့ရှန်းက သူ့ဆံပင်တွေ ရှုပ်ပွသွားတာကြောင့် မကျေမနပ်ဖြစ်သွားပြီး ရင်းဆုယဲ့ရဲ့လက်ကို ရိုက်ထုတ်ပစ်လိုက်တယ်။ ထို့နောက်‌ ဦးခေါင်းကို တစ်ဖက်လှည့်လိုက်ပြီး ရင်းဆုယဲ့ကို လျစ်လျူရှုကာ မြို့တော်ရဲ့ဂိတ်တံခါးဝသို့ လျှောက်သွားလိုက်တော့တယ်။

သူ့ကို ကလေးလိုမဆက်ဆံပါနဲ့လို့ ရင်းဆုယဲ့ကို ပြောထားပြီးသား။ ဒါပေမဲ့ ရင်းဆုယဲ့က ဂရုမစိုက်ဘူး။ လူကို ဒေါသထွက်ပြီးသေအောင် လုပ်နေတယ်..! ဒီတစ်ခေါက်တော့ ဒီသခင်လေးလည်း ဒေါသထွက်တတ်တယ်ဆိုတာ ရင်းဆုယဲ့ သိသွားစေရမယ်..! လွယ်လွယ်စိတ်ဆိုးပြေတတ်တဲ့လူ မဟုတ်ဘူးကွ..!

ဟမ့်.. ဟမ့်..!

မနက်စာစားပြီးနောက် သူတို့နှစ်ယောက်က လင်းစန်းမြို့မှထွက်လာခဲ့ပြီး အနီးဆုံးမြို့ကြီးတစ်ခုကို ဦးတည်လိုက်ကြတယ်။ ပြီးနောက် ထိုမြို့ရဲ့ နေရာကူးပြောင်းခြင်းစက်ဝန်းထဲ ဝင်လိုက်ပြီး မျက်စိတစ်မှိတ်စာအတွင်း မြို့တော်ကို ရောက်ရှိသွားခဲ့တယ်။ သို့သော်ငြား မြို့တော်ရဲ့ နေရာကူးပြောင်းစက်ဝန်းက မြို့ပြင်မှာဆိုတော့ သူတို့နှစ်ယောက်လည်း မြို့တော်ရဲ့ ဂိတ်တံခါးအထိ လမ်းလျှောက်ခဲ့ကြရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now