92

7.2K 1.4K 42
                                    

Unicode

“ဘာဖြစ်လို့လဲ..?”

ရင်းဆုယဲ့ရဲ့ အမူအရာကို သတိထားမိလိုက်တာကြောင့် ရွှယ်ယို့ရှန်းလည်း ခေါင်းမော့ပြီး စိုးရိမ်တကြီး မေးလိုက်တယ်။

“တစ်ယောက်ယောက်လာနေပြီ..”

ရင်းဆုယဲ့က တော်ဝင်မြို့တော်ဘက်ကို မကြည့်တော့ဘဲ ကောင်လေးကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်တယ်။ ဟော်လင်းယွင်ကို သတ်ပစ်လိုက်ပြီးကတည်းက တော်ဝင်မြို့တော်ကနေ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်ဆိုတာ သူသိနေခဲ့တယ်။

ဖြောင့်မတ်ယောင်ဆောင်နေတဲ့ ဟိုလူစုကြောင့်ဖြစ်စေ၊ သူ့ရဲ့စွမ်းအားကြောင့်ဖြစ်စေ၊ အချိန်တိုအတွင်း လူအများနဲ့ ရင်ဆိုင်ရမှာကို ရှောင်လွှဲမရနိုင်ဘူး။ ဒါမှမဟုတ် လက်ရှိလူသားဘုရင်နဲ့ သိပ်မကြာခင် ထိပ်တိုက်ရင်ဆိုင်ရမှာ မလွဲဧကန်ပဲ။ ဒါပေမဲ့ သူထင်ထားတာထက် ပိုစောနေခဲ့တယ်။

“…………..”

'နောက်ထပ်တစ်သုတ် ထပ်ရောက်လာပြန်ပြီလား..? ရင်းမိသားစုနဲ့ ဟော်မိသားစုကိုတောင် မနည်းရင်ဆိုင်နေရတဲ့အချိန်မှာ နောက်ထပ်တစ်ဖွဲ့ ရောက်ချလာပြန်ပြီတဲ့။ ဘာတွေဆက်ဖြစ်ဦးမှာလဲ..? အဲ့တော့ ခုနကဇာတ်ကွက်အတိုင်း လူတချို့က သူတို့ကို ပြဿနာရှာမယ်၊ ပြီးရင် သူတို့တွေက ပြဿနာထပ်ဖြေရှင်းရဦးမယ်ပေါ့..? ဒီဇာတ်ကွက်ချည်း ထပ်တလဲလဲဖြစ်နေတော့ သူတောင်ပင်ပန်းလာပြီ.. သိရဲ့လား..? ဒီလိုမျိုးထပ်မဖြစ်ခင် အသက်ရှူခွင့်လေးတော့ ပေးပါဦးလားဟင်..?'

ပရော်ဖက်ရှင်ဆန်တဲ့ စာရေးဆရာတစ်ယောက်အနေနှင့် ရွှယ်ယို့ရှန်းလည်း ထိုဇာတ်ကွက်ကြောင့် အလွန်အမင်း ပင်ပန်းနေခဲ့ချေပြီ။

'သူသာ သူ့ရဲ့ဝတ္ထုစာအုပ်ထဲမှာ ဇာတ်ကွက်တစ်ခုတည်းကို ဒီလိုမျိုးထပ်တလဲလဲရေးမိရင် စာဖတ်သူတွေ ဝေဖန်ကြတော့မှာပဲ..! ဒါပေမဲ့ လက်တွေ့မှာက စိတ်ရှုပ်စရာကောင်းလွန်းတယ်..!'

ထိုအခိုက်အတန့် ရွှယ်ယို့ရှန်းခမျာ မတရားခံနေရသလို ခံစားလိုက်ရတယ်။

'ဘယ်လိုလုပ်ရမလဲဟင်..?'

“ဒီတစ်ခေါက်ရောက်လာမှာ ဘယ်လိုလူတွေလဲ..?”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now