94

7K 1.4K 181
                                    

Unicode

“ရှောင်ယို့..?”

တော်ဝင်မြို့တော်ထဲကို ခြေချလိုက်ရုံနဲ့ သူ့လက်မောင်းထဲမှာ ရှိနေခဲ့တဲ့ ကောင်ငယ်လေးက ဘယ်လိုလုပ် ပျောက်ကွယ်သွားရတာလဲ..?

စက္ကန့်ပိုင်းအတွင်း တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းက ချက်ချင်းဆိုသလို အသက်ဝင်လာခဲ့တော့တယ်။

ရင်းဆုယဲ့လည်း တုံ့ပြန်ချိန်မရလိုက်ဘူး။ အကာအကွယ်စည်းအထဲမှာ ပိတ်မိသွားခဲ့တယ်။ အပြင်ဘက်ကို ပြန်ထွက်လို့ မရတာကြောင့် အစောင့်တွေရဲ့ လက်နက်ကြားက အကာအကွယ်မဲ့နေတဲ့ ကောင်လေးကိုသာ အကူအညီမဲ့စွာ ရပ်ကြည့်နေရတော့တယ်။ မသိစိတ်အရ တင်းကျပ်စွာ လက်သီးဆုပ်လိုက်မိပြီး သွေးထွက်လာတာတောင် သတိမမူမိခဲ့ဘူး။ သူ့ရဲ့မျက်ဝန်းများက အကာအကွယ်စည်းအပြင်ဘက်က အကူအညီမဲ့နေတဲ့ ကောင်လေးကိုသာ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေတော့တယ်။

“စိတ်မပူနဲ့.. ကျွန်တော်အဆင်ပြေတယ်..!”

ရုတ်တရက်ဆန်တဲ့ အပြောင်းအလဲကြောင့် ရွှယ်ယို့ရှန်းပင် လိုက်မမှီနိုင်အောင် ဖြစ်သွားရတယ်။ ဒါပေမဲ့ ရင်းဆုယဲ့ကို လှမ်းမြင်လိုက်ရတဲ့အချိန် စိတ်သက်သာရာ ရသွားခဲ့ရတယ်။ အနည်းဆုံးတော့ သူနဲ့အတူ လွေ့ရွှယ်ရှိနေသေးတော့ စိတ်ပူနေတဲ့ ရင်းဆုယဲ့ကို စိတ်သက်သာရာရစေလိမ့်မယ်။

အန္တရယ်ကြုံတွေ့နေရပေမယ့် ရွှယ်ယို့ရှန်းက သူရဲ့ကိုယ်ပိုင်လုံခြုံရေးကို အရင်ဆုံးမတွေးမိဘဲ ရင်းဆုယဲ့အတွက်သာ စိတ်ပူနေခဲ့တယ်။ ရင်းဆုယဲ့ စိတ်မထိန်းနိုင်ဘဲ တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းကို ဖျက်ဆီးပစ်လိုက်မှာကို စိုးရိမ်နေခဲ့တယ်။

(TN : လွေ့ရွယ်ကို သိကြသေးတယ်နော်..)

စာရေးဆရာတစ်ယောက်အနေနှင့် ရွှယ်ယို့ရှန်းက တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းအကြောင်းကို ရှင်းရှင်းလင်းလင်း သိထားတယ်။ တော်ဝင်မြို့တော်က လူသားမျိုးနွယ်အတွက် သန့်စင်မွန်မြတ်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး ဘယ်လိုကိစ္စမျိုး ကြုံတွေ့လာရပါစေ၊ အဆုံးစွန်ထိတိုင် ကာကွယ်ထားရမယ့် နေရာတစ်ခုလည်း ဖြစ်တယ်။ ထို့ကြောင့် ထိုအကာအကွယ်စည်းက လူသားတွေတည်ဆောက်ခဲ့သမျှ အကာအကွယ်စည်းတွေအနက် အခိုင်မာဆုံးဖြစ်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now