100

7.3K 1.5K 80
                                    

Unicode

တော်ဝင်မြို့တော်ကို အပြေးရောက်လာကြတဲ့ လူတွေလည်း ဖြစ်ပျက်နေသမျှကို ဆက်စပ်မိရုံသာ ရှိသေးတယ်. တစ်စုံတစ်ယောက်က ‘ကံကြမ္မာကူးပြောင်းခြင်း’ အထူးအမိန့်ပြန်တမ်းကို တောင်းဆိုကြောင်း ကြားလိုက်ရတာကြောင့် ကြောင်အ,သွားကြရတယ်။ တော်ဝင်မြို့တော်ဂိတ်ဝရှေ့ကို လှမ်းမျှော်ကြည့်ရင်း လူသားဘုရင်ကို ဆန့်ကျင်နေတဲ့ လူသားတစ်ဦးနဲ့ မိစ္ဆာတစ်ကောင်အကြောင်း အကြီးအကျယ် စတင်ဆွေးနွေးကြတော့တယ်။

“တော်ဝင်မြို့တော်ဂိတ်ဝမှာ ပြဿနာရှာရဲတာ ဘယ်သူလဲဝေ့..?”

ပြောလိုက်သည့်လူက ရင်းဆုယဲ့ကိုမသိမှန်း သိသာလွန်းနေတယ်။

“ပြီးတော့ သေမှာကိုမကြောက်ဘဲ ‘ကံကြမ္မာကူးပြောင်းခြင်း’ကို အသက်သွင်းရဲတယ်..? အသက်ရှည်ရှည်နေရမှာကို ပျင်းရိနေလို့လား..?”

ထိုတစ်ယောက်က ‘ကံကြမ္မာကူးပြောင်းခြင်း’အကြောင်း၊ နောက်ဆုံးရလဒ်က မကောင်းနိုင်ကြောင်းကို တခြားလူတွေထက် ပိုသိနေခဲ့တယ်။

“အဲ့ကောင်လေးက ရင်းမိသားစုရဲ့ သားကြီးမဟုတ်ဘူးလား..?”

ရောက်လာကြတဲ့လူအများအနက် တချို့တစ်ယောက်က ရင်းဆုယဲ့ကို မှတ်မိသွားကြတယ်။

“ရင်းဆုယဲ့ဟုတ်သားပဲ..!”

ရင်းဆုယဲ့ကိုမြင်ဖူးတဲ့ တချို့လူတွေက အတည်ပြုလိုက်တယ်။

“ရင်းမင်ကို ဘာလို့မတွေ့တာပါလိမ့်..? သားဖြစ်သူက သေလမ်းရှာနေတာတောင် အဖေဖြစ်တဲ့ရင်းမင်က လာမတားဘူးလား..?”

ရင်းမင်ကိုမတွေ့တာကြောင့် တစ်စုံတစ်ယောက်က မရေမရာ မေးလိုက်တယ်။

“ရင်းမင်က ရင်းဆုယဲ့ကို သူ့ရဲ့သားအဖြစ် သတ်မှတ်တာတောင်မဟုတ်ဘူးလေ.. မြန်မြန်သေသွားဖို့ တိတ်တဆိတ် မျှော်လင့်နေတာဖြစ်မှာပေါ့..!”

မြို့တော်မှလူတိုင်း ရင်းမင်ရဲ့ မကောင်းတဲ့အကျင့်ကို သိထားကြတယ်။

“သောက်တလွဲတွေ တွေးမနေကြနဲ့.. ရင်းဆုယဲ့အနားက မိစ္ဆာကောင်ကို အရင်ဆုံး အာရုံစိုက်သင့်တယ်မဟုတ်ဘူးလား..?”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now