103

7K 1.4K 45
                                    

Unicode

အစကတော့ ရင်းဆုယဲ့က သူ့ကိုဖျောင်းဖျဖို့ ပြန်လည်ပွေ့ဖက်လာတာလို့ ရွှယ်ယို့ရှန်းက ထင်ထားခဲ့တယ်။ အခုလို ဖက်နမ်းလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ သူ့ရဲ့မျက်ဝန်းများက မယုံကြည်နိုင်သလို ပြူးကျယ်သွားခဲ့ပြီး ဘာမှမတုံ့ပြန်နိုင်လောက်အောင် ရှော့ရသွားခဲ့တယ်။

တစ်ယောက်နဲ့တစ်ယောက် ဖျောင်းဖျနိုင်ဖို့ ကြိုးစားနေရာကနေ ဘယ်လိုလုပ် ပြင်းရှရှအနမ်းဇာတ်ဝင်ခန်းကို ရောက်သွားရတာလဲ..?

ဒီလိုအချိန်မျိုးမှာ ‘လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရပါတယ်ဗျို့’လို့ အော်ဟစ်သင့်လား..? ဒါမှမဟုတ် နှစ်နှစ်ဆယ်ကျော် ထိန်းသိမ်းထားခဲ့ရတဲ့ သူ့ရဲ့ပထမဆုံးအနမ်းလေး သူများဆီပါသွားလို့ သက်ပြင်းချသင့်လား..?

မဟုတ်သေးပါဘူး..!

သူအံ့ဩထိတ်လန့်သင့်တာ။ ယောက်ျားအချင်းချင်း နမ်းရှိုက်ကြတဲ့ ထူးခြားတဲ့ဖြစ်ရပ်ကြီးက သူနဲ့ရင်းဆုယဲ့ကြားမှာ ဘယ်လိုလုပ်ဖြစ်လာခဲ့တာလဲ..? သောက်ကျိုးနည်း ဇာတ်ကြောင်းပြောင်းလဲမှုကြီး၊ တကယ့်ကို လက်မြှောက်အရှုံးပေးပါတယ်..! လုံးဝယုတ္တိမရှိဘူး.. သိရဲ့လား..?

ရွှယ်ယို့ရှန်းက ပြန်မေးရန် ကြိုးစားလိုက်တဲ့အချိန် ရင်းဆုယဲ့ရဲ့ လျှာဖျားလေးက သူ့ရဲ့နှုတ်ခမ်းကြားထဲ တိုးဝင်လာတာကို ခံစားလိုက်ရတယ်။ ရုန်းကန်ချင်ပေမယ့်လည်း ရုန်းထွက်လို့မရအောင် ရင်းဆုယဲ့က တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားခဲ့တယ်။ ရင်းဆုယဲ့ရဲ့ လက်မောင်းကြားမှာ မွန်းကျပ်နေတဲ့အချိန် ရင်းဆုယဲ့ရဲ့ လျှာဖျားလေးက ချိုမြိန်လုံးဝန်းတဲ့ အရာလေးတစ်ခုကို သူ့ရဲ့ပါးစပ်ထဲ တွန်းပို့လာခဲ့တယ်။ ဆေးလုံးလေးက သူ့ပါးစပ်ထဲ ရောက်သွားတာနဲ့ သူ့အလိုလို ပျော်ဝင်သွားခဲ့တော့တယ်။

“ကောင်းကောင်းအိပ်တော့နော်.. ပြန်နိုးလာတဲ့အချိန်ကျရင် ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး..”

ရွှယ်ယို့ရှန်း အိပ်ဆေးကို မြိုချပြီးကြောင်း သေချာသွားတော့မှ ရင်းဆုယဲ့လည်း ရွှယ်ယို့ရှန်းရဲ့ ပါးစပ်လေးကို တွန့်ဆုတ်စွာ လွှတ်ပေးလိုက်တယ်။ ကောင်လေး ခေါင်းမာတဲ့အချိန်ဆို သူ့ကိုတောင် ခေါင်းကိုက်အောင် လုပ်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ အတင်းငြင်းဆန်နေတဲ့ ကောင်လေးကြောင့် ရင်းဆုယဲ့လည်း ဆေးတိုက်လိုက်ပြီး အချိန်တစ်ခုကြာ အိပ်စက်စေလိုက်တယ်။ ဒီနည်းလမ်းက သူ ကံကြမ္မာကူးပြောင်းခြင်းအပြစ်ဒဏ်ကို တောင့်ခံနေတဲ့အချိန် ကောင်လေးဆီမှာ မထင်မှတ်ထားတဲ့ဖြစ်ရပ်မျိုး ဖြစ်ပျက်လာမှာကိုလည်း စိုးရိမ်ရန်မလိုတော့ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now