107

6.7K 1.4K 23
                                    

Unicode

“ရင်းဆုယဲ့..!”

ရွှယ်ယို့ရှန်းမှာ သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ အသံတိုးတိုးလေး ခေါ်ဆိုလိုက်မိတယ်။

ခြေထောက်ကိုမြှောက်ကာ အပြေးသွားချင်နေပေမယ့် ရွှယ်ယို့ရှန့်ရဲ့ လှုပ်ရှားမှုက အတော်ကြာအောင် ရပ်တန့်သွားပြန်တယ်။

ဒဏ်ရာအပြင်းအထန်ရထားတဲ့ ရင်းဆုယဲ့ကို သွားတွေ့ဖို့ သူတကယ်ပဲ ကြောက်နေတယ်..! ဘာလို့လဲဆိုတော့ ရင်းဆုယဲ့ရဲ့ခန္ဓာကိုယ်က အေးစက်နေမှာကို စိုးရိမ်လို့ပဲ..!

(TN : ခန္ဓာကိုယ်အေးစက်ခြင်း = အလောင်း/ သေပြီးသား ခန္ဓာကိုယ်)

တကယ်ဆိုရင် ရင်းဆုယဲ့က ဒီနေရာမှာ လုံးဝမသေနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိထားပေမယ့် စိတ်ခံစားချက်အရ မစိုးရိမ်ပဲ မနေနိုင်ဘူး။

တကယ့်ကို ကိုးရိုးကားယား နေရထိုင်ရခက်တဲ့ အခြေအနေမျိုးပဲ..!

ရွှယ်ယို့ရှန်းရဲ့အသံကို ကြားလိုက်ရ၍ထင့်။ ရင်းဆုယဲ့က အသာအယာ ခေါင်းမော့လာခဲ့ပြီး ပိတ်ကျနေတဲ့ မျက်ဝန်းတွေက ဖြည်းညင်းစွာ ပွင့်ဟလာခဲ့တယ်။

သူတို့ရဲ့အကြည့်တွေက လေထုအလွှာကြား ဆက်သွယ်နေသယောင်။

“ဘယ်သူလဲ..?”

အကျဉ်းခန်းကို စောင့်ကြပ်နေတဲ့ ထောင်စောင့်က သံတံခါးကြီး ရုတ်တရက် ပွင့်ဟသွားတာကို မြင်လိုက်တာနဲ့ တစ်ခုခုမှားယွင်းနေမှန်း သိသွားပြီး ချက်ချင်း သတိအနေအထား ဖြစ်သွားခဲ့တယ်။

အကျဉ်းခန်းစောင့်ရဲ့ စွမ်းအင်အဆင့်က အတော်အသင့် မြင့်မားသလို သူ့ရဲ့လှုပ်ရှားမှုကလည်း သဘာဝကျစွာဖြင့် မြန်ဆန်လွန်းလှတယ်။ အချုပ်ခန်းတံခါး အနည်းငယ် ပွင့်လာတာနဲ့ တံခါးနောက်ကလူကို ဘယ်သူဘယ်ဝါ ခွဲခြားမနေဘဲ ကြာပွတ်ကိုဆွဲထုတ်ကာ လှမ်းရိုက်ပစ်လိုက်တော့တယ်။

“သတိထား..!”

မြေခွေးက မသိစိတ်အရ အနောက်ဆုတ်ကာ ရှောင်တိမ်းလိုက်ပြီးမှ အခန်းရှေ့တည့်တည့်မှာ ရွှယ်ယို့ရှန်း ရှိနေလောက်မှန်း သတိရလိုက်တယ်။ ထို့ကြောင့် အလျင်စလို သတိပေးလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now