Unicode
“မင်းကိုနမ်းခဲ့တဲ့အတွက် ကိုယ့်ကိုမမုန်းဘူးမလား..?”
ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့မေးစေ့ကို ပင့်လိုက်ကာ အာရုံမလွင့်စေရန် တားဆီးလိုက်တယ်။ ဒီလိုမှသာ ရွှယ်ယို့ရှန်းက သူ့တစ်ယောက်တည်းကို ကြည့်နေမှာ။ ငြင်းဆန်ခွင့်မပေးဘဲ အခုလို ဝန်ခံနေတာက သူနဲ့ ပွတ်သီးပွတ်သပ်နေတာကို ကောင်လေး မကြိုက်တာမဟုတ်မှန်း သိနေတာကြောင့်ပါပဲ။
ကောင်လေးကို ပါးစပ်နဲ့ ဆေးခွံ့ကျွေးခဲ့တာကလည်း ‘ရေကိုစမ်းသပ်ခြင်း’ နည်းလမ်းတစ်ခုပဲ။ အနမ်းတစ်ခုက လူတစ်ယောက်ရဲ့ အမှုမဲ့အမှတ်မဲ့ တုံ့ပြန်မှုအစစ်ကို ထုတ်ဖော်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်။ ထိုစဉ်က ကောင်လေးရဲ့ အပြုအမူက ထိတ်လန့်သွားဟန်ပေါ်ပေမယ့် မျက်ဝန်းထဲမှာတော့ ရွံရှာစက်ဆုပ်ခြင်းနှင့် ငြင်းဆန်လိုသော အရိပ်အယောင်မျိုး လုံးဝမရှိခဲ့ဘူး။
ထိုအခြင်းအရာကြောင့် ရင်းဆုယဲ့က သူ့ရဲ့ပွတ်သီးပွတ်သပ်နေမှုကို ကောင်လေး မငြင်းဆန်မှန်း သဘောပေါက်လိုက်တယ်။ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်နမ်းလိုက်ခြင်း ဖြစ်တယ်။
“ဒါပေမဲ့ ကျွန်တော်မကြိုက်ဘူး..!”
ဒီတစ်ခေါက်တော့ ရွှယ်ယို့ရှန်းရဲ့ တုံ့ပြန်မှုက အလွန်လျင်မြန်နေခဲ့တယ်။ သူသာ နှေးကွေးနေရင် ရင်းဆုယဲ့က အဓိပ္ပါယ်မရှိတဲ့ ကောက်ချက်မျိုး ထပ်ပြောလာမှာ ကြောက်နေသလိုမျိုး ချက်ချင်း သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြလိုက်တယ်။
သူက ရင်းဆုယဲ့ရဲ့ စကားအနည်းငယ်ကြောင့် လှည့်စားခံလိုက်ရမယ့် ခပ်တုံးတုံးကလေးတစ်ယောက် မဟုတ်ဘူး။ ဒီလိုဇာတ်ကွက်မျိုးက Normal ဝတ္ထုတွေမှာ အမြဲတမ်းလိုလို ပါနေကျ၊ အဲ့တာကြောင့် လွယ်လွယ်ကူကူ လှည့်စားခံမှာမဟုတ်ဘူး..!
“မင်းကြိုက်သွားမှာပါ..”
ထို့နောက် ရင်းဆုယဲ့က ထပ်မံကိုင်းညွတ်လိုက်ပြီး ရွှယ်ယို့ရှန်းရဲ့ နှုတ်ခမ်းလေးတွေကို သိမ်းပိုက်လိုက်ပြန်တယ်။
“ဘာ….” တွေလုပ်နေတာလဲ..?
နောက်ဆက်တွဲစကားများဟာ ရင်းဆုယဲ့ရဲ့ ပိတ်ပင်ခြင်းကို ခံလိုက်ရပြီး “အွမ်း.. အွမ်း..’ အဖြစ်သို့ ပြောင်းလဲသွားရတယ်။
YOU ARE READING
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!
Fantasyဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတဲ့ဝတ္ထုကို ရေးခဲ့မိတာပဲ... သူ့ဆီမှာ ဖြစ်ပျက်သမျှတွေထဲက ကံအဆိုးဆိုးတစ်ခုကို ပြောပါဆိုရင်တော့ -သူရေးခဲ...