120

6.6K 1.3K 24
                                    

Unicode

“ရိရိ.. ဝေရိ ထပ်ရောက်လာပြန်ပြီ..!”

အခန်းထဲရောက်တာနဲ့ ချီချီက မြေခွေးကို လိုရင်းတိုရှင်း တင်ပြလိုက်တယ်။ ‘ထပ်’ ဆိုတဲ့စကားလုံးကို သုံးလိုက်ရတာက သူတို့ရဲ့သခင် သတိလစ်နေတဲ့ တစ်ချိန်လုံး ဝေရိက နောက်လိုက်နောက်ပါတွေနဲ့ နေ့တိုင်းလိုလို ရောက်လာတက်တာကြောင့်ပဲ။

“ရိရိလို့မခေါ်ဖို့ ငါဘယ်နှစ်ခါပြောရမလဲ..? အကြီးအကဲမြေခွေးလို့ခေါ်..!”

မြေခွေးက တံခါးကိုမှီကာ ရုပ်တည်ကြီးနဲ့ နာမည်အမှန်ကို ပြင်ပေးလိုက်တယ်။

“ပြီးတော့ နောက်တစ်ခုရှိသေးတယ်.. အခုကစပြီး ဘယ်အရာဖြစ်ဖြစ် ရွှယ်ယို့ရှန်းကိုပဲ တင်ပြ.. ငါ့ကိုမပြောနဲ့တော့..”

ရွှယ်ယို့ရှန်းကို သခင်တစ်ယောက်လို သဘောထားဖို့ သူ့သခင် မှာကြားခဲ့တာကို မြေခွေး မှတ်မိနေတယ်။ ထို့ကြောင့် ဖြစ်ကတက်ဆန်း မဆက်ဆံရဲဘူး။ ပြီးတော့ ဝေရိကိစ္စက ကိုင်တွယ်ရခက်တယ်။ တကယ်လို့ ထိုကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူ့မှာ တာဝန်ယူနိုင်စွမ်း မရှိတာကြောင့် ရွှယ်ယို့ရှန်းကို ကိုင်တွယ်ခိုင်းလိုက်တာ ပိုပြီးသင့်တော်လိမ့်မယ်။ 

သခင်ရဲ့ ရွှယ်ယို့ရှန်းအပေါ် အရမ်းကောင်းပုံမျိုးနဲ့ဆိုရင် ရွှယ်ယို့ရှန်း ပြဿနာရှာခဲ့ရင်တောင် သခင်နိုးလာတဲ့အချိန် စိတ်မဆိုးပဲ ပြဿနာအားလုံး ဖြေရှင်းပေးလိမ့်မယ်လို့ သူယုံကြည်တယ်။

“ငါ့ကို နံပါတ်ခုနစ်ဆိုပြီး ချီချီလို့ခေါ်တယ်လေ.. မင်းကနံပါတ်တစ်.. အဲ့တော့ ရိရိလို့ခေါ်သင့်တာပေါ့..”

ချီချီက အဆင့်သတ်မှတ်ချက်နဲ့ပတ်သက်ပြီး အလွန်ခေါင်းမာသလို အလျော့ပေးမယ့်ပုံမပေါ်ဘူး။ ဒါပေမဲ့ မြေခွေးပြောလိုက်တာကို အာရုံထားဆဲ။ ထို့ကြောင့် ရွှယ်ယို့ရှန်းဘက်လှည့်ကာ လေးလေးနက်နက် မေးလိုက်တယ်။

“အကြီးအကဲ၊ ဘယ်လိုလုပ်လိုက်ရမလဲ..?”

“အကြီးအကဲလို့ မင်းခေါ်ရမယ့်လူက ငါ.. ရွှယ်ယို့ရှန်းမဟုတ်ဘူး..!”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now