3

2.4K 261 1
                                    

Unicode

မိန်းမလှမျိုးစုံကို ကျိုးကျန်းချွမ် မြင်ဖူးသည်။ ဖြူစင်သော၊ Sexy ကျသော၊ တက်ကြွသော၊ စသည်ဖြင့် မျိုးစုံမြင်ဖူးသည်။

သူအံ့ဩသွားရခြင်းမှာ နဉ်ရှီက သူမြင်ဖူးသမျှ သရုပ်ဆောင်တွေထက် ပိုလှပ၍မဟုတ်၊ သူ့စိတ်ထဲပုံဖော်ထားသော ဒုတိယဇာတ်ကောင်၏ပုံရိပ်နှင့် တစ်ထပ်တည်း တူနေသောကြောင့်ပင်။

အရည်အချင်းရှိသော သရုပ်ဆောင်တစ်ယောက်ပီပီ ကျိုးကျန်းချွမ်သည် ကင်မရာရှေ့ရောက်တိုင်း သူ့ကိုယ်သူ သရုပ်ဆောင်ရမည့် ဇာတ်ကောင်အဖြစ် စိတ်နှစ်မြုပ်ထားတတ်သည်။ တွဲသရုပ်ဆောင်ရမည့် ဇာတ်ကောင်စရိုက်ကိုလည်း အကြမ်းဖျဉ်း ပုံဖော်ကြည့်လေ့ရှိသည်။ ဤသို့ဖြင့် သူ့ဇာတ်ကောင်၏စရိုက်ကို ပိုမိုနားလည်လာနိုင်၏။

ကျင်းရုန်ယန်ဟူသော ဒုတိယအမျိုးသမီးဇာတ်ကောင်၏ စရိုက်ပုံစံကိုလည်း ပုံဖော်ကြည့်ခဲ့သည်။ သူမသည် အနက်ရောင်ဆံနွယ်များဖြင့် အသားဖြူကာ ချောမောလှပသော မိန်းမငယ်လေးတစ်ဦး ဖြစ်ရမည်။ ချမ်းသာသော မိသားစုကြီးတစ်ခု၏ သခင်မလေးပီပီ အသုံးအဖြုန်းကြီးကာ မောက်မာထောင်လွှားခြင်းအပြည့်၊ သူမကိုမြင်သူတိုင်း ဦးညွှတ်ရလိမ့်မည်။

ဒုတိယအမျိုးသမီးဇာတ်ကောင်ဟာ ဒီဇာတ်လမ်းအတွက် အရေးကြီးသော ဇာတ်ရုပ်တစ်ခုပင်။ ထိုဇာတ်ကောင်ကို သူ့ရဲ့ဂျူနီယာအသစ်လေး သရုပ်ဆောင်မယ်လို့ ကြားလိုက်ရတဲ့အချိန် အတော်စိတ်ပျက်သွားခဲ့သည်။ ဒီလောက်ကောင်းမွန်တဲ့ ဇာတ်ကောင်တစ်ခု၊ ကံဆိုးချင်တော့ လူသစ်တစ်ယောက်ကြောင့် ပျက်ဆီးရတော့မည်။

ယခုမူ ကျိုးကျန်းချွမ်တစ်ယောက် နဉ်ရှီ၏ဖြတ်ရိုက်ခြင်း ခံလိုက်ရသလို ပါးပြင်တစ်ခုလုံး ပူလောင်နေ၏။ ကံကောင်းစွာဖြင့် သရုပ်ဆောင်ကောင်းတစ်ယောက်ပီပီ သူ့ရဲ့မျက်နှာပျက်ယွင်းမှုကို တစ်ဖက်လူအား မမြင်တွေ့စေခဲ့ပေ။

“အစ်ကိုကျိုး..”

နဉ်ရှိက ကျိုးကျန်းချွမ်အား ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“နောက်ဇာတ်ကွက်ဆို အစ်ကိုတို့ သရုပ်ဆောင်ရမှာ.. စိတ်မလှုပ်ရှားနဲ့နော်..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now