83

970 121 0
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း - (၈၃)

“ဘော့စ်” ရွှီကျူးက ရုံးခန်းထဲသို့ ခေါင်းပြူကြည့်လိုက်သည်။ ချန်းရှီကွေ့က အပေါ်အင်္ကျီဝတ်ပြီး ထွက်သွားဖို့ ပြင်နေတာကို မြင်တော့ ရွှီကျူးက သူ့ကို ခေါ်လိုက်သည်။ “ခုနက ချွီလုပ်ငန်းစုဥက္ကဌရဲ့အတွင်းရေးမှူးက ဘော့စ်အတွက် မနက်ဖြန်ကော့တေးပါတီပွဲရဲ့ဖိတ်စာကို ‌ကိုယ်တိုင်လာပေးသွားတယ်..”

ချွီနှင့်ကျင်းမိသားစုက အမြဲတမ်း အဆင်မပြေခဲ့တာဖြစ်သည်။ ယခု ထောင်မင်ယနှင့်ကျင်းယွမ်ဖုန်း ကွာရှင်းလိုက်သည့်သတင်းပျံ့သွားခဲ့သဖြင့် ချွီမိသားစုက သူတို့သူဌေးဘက်လှည့်ပြီး ရင်းနှီးမှုယူရန် အစပျိုးလာ၏။ တခြားနည်းလမ်းဖြင့်ပြောရမည်ဆိုလျှင် ချွီမိသားစုက ကျင်းမိသားစုကို ရိုက်ချရန် အမြဲတမ်း နည်းမျိုးစုံသုံးကြိုးစားနေခဲ့တာဖြစ်သည်။

ချန်းရှီကွေ့က ဖိတ်ကြားလွှာကို တစ်ချက်ကြည့်လိုက်သည်။ အထဲမှာ ရေးထားသည့် အကြောင်းအရာအများစုကို လက်ရေးဖြင့်ရေးသားထားပြီး သခင်ကြီးချွီက လက်မှတ်ထိုးထားသည်။ အကယ်၍ ဖိတ်စာပို့လာသူက ချွီမိသားစုမှအငယ်တစ်ယောက်ဖြစ်ပါက ချန်းရှီကွေ့က အနှီဖိတ်ကြားလွှာအား အာရုံထဲထည့်ထားမှာမဟုတ်။ သို့သော် ဖိတ်ကြားလွှာကို သခင်ကြီးချွီက လက်မှတ်ထိုးထားသည့်အတွက် ဘာပဲဖြစ်နေပါစေ သူ့အနေနှင့် ယင်းဖိတ်ကြားလွှာကို လက်ခံရတော့မည်ပင်။

“သိပြီ” ချန်းရှီကွေ့ ခေါင်းညိတ်လိုက်ပြီး ဖိတ်ကြားလွှာကိုင်သွားရင်း ‌ဓာတ်လှေကားဆီ လျှောက်သွားလိုက်သည်။ 

“အဖေ၊ ဒီတစ်ခေါက် ချန်းရှီကွေ့ တကယ် ပွဲတက်လာပါ့မလား?” ချွီယွမ်ပေါ်က သခင်ကြီးချွီ၏ ချန်းရှီကွေ့အား ကိုယ်တိုင်ကိုယ်ကျ ဖိတ်စာတစ်စောင်ရေးပို့သည့် လုပ်ရပ်ကို သိပ်ပြီးသဘောမတူချင်ပေ။ ချန်းရှီကွေ့က မည်မျှပင် အင်အားကြီးနေပါစေ၊ သူ့အဖေက စီနီယာဖြစ်၏။ ဘယ်လိုလုပ်ပြီး စီနီယာတစ်‌ယောက်က ဂျူနီယာကို ကိုယ်တိုင်ဖိတ်စာရေးပို့ရမှာလဲ? ချွီမိသားစုက ဩဇာတိက္ကမကြီး‌တဲ့ မိသားစုတစ်ခုလေ။ တကယ်လို့ လူတွေ ဒီအကြောင်းကြားသွားကြမယ်ဆိုရင် သူတို့ဂုဏ်သိက္ခာကို ဘယ်နားသွားထားရမှာလဲ?

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now