49

1.1K 181 19
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း (၄၉)

ချန်းရှီကွေ့သည် ဤအခွင့်ထူးခံလူများနှင့် မရင်းနှီးချေ။ ငယ်ငယ်ကတည်းက အိမ်ကလေ့ကျင့်ရေးများနှင့်သာ လုံးပန်းခဲ့ရ၍ သူတို့နှင့် သိပ်ပြီးအရောတဝင်မရှိခဲ့ပေ။

ဤလူများနှင့် စိတ်မပါစွာ ရေလိုက်ငါးလိုက်ပြောပေးပြီးနောက် ချန်းရှီကွေ့က ကားပြတင်းမှန်ကိုပိတ်လိုက်သည်။ သူထွက်သွားတော့မည့်ဆဲဆဲတွင် သူ့ကားပြတင်းကို တစ်ယောက်ယောက်က လာခေါက်နေသံကို ကြားလိုက်ရသည်။

“မစ္စတာချန်း”

နဉ်ရှီ၏အပြုံးမျက်နှာလေးက သူ့ရှေ့တွင်ပေါ်လာ၏။

ချန်းရှီကွေ့က ကားပေါ်ကဆင်းလာပြီး မေးလိုက်သည်။ “မင်းဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ?”

နဉ်ရှီက အနီးအနားက ယောက်ျားတွေကို တစ်ချက်ဝေ့ကြည့်ပြီး ပြုံးလိုက်သည်။ “ကျွန်မထွက်လာတဲ့အချိန်မှာ ရှင့်ကားကိုတွေ့လိုက်တာနဲ့ လာပြီးနှုတ်ဆက်လိုက်တာ”

နဉ်ရှီက သူနှင့်စကားပြောဖို့ အရင်လက်ဦးမှုယူလာတာက အံ့ဩစရာပင်။ အပြုံးတစ်ပွင့်က ချန်းရှီကွေ့၏မျက်နှာတွင် ပွင့်လန်းလာသည်။ “တိုက်ဆိုင်လိုက်တာ”

“ဟုတ်ပ တိုက်ဆိုင်ချက်ပဲ” နဉ်ရှီက လှည့်ပြီး ထိုလူငယ်များနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ “ဒီလူတွေက ရှင့်သူငယ်ချင်းတွေလား? ကျွန်မ ခုနလေးတင် သူတို့ကို ဒီနားက သီးသန့်ခန်းတစ်ခန်းမှာ စားသောက်နေကြတာကို တွေ့လိုက်တယ်။ ရှင့်ကိုလည်း သူတို့နဲ့ သိကျွမ်းနေလိမ့်မယ်လို့ မထင်ထားဘူး...ရေစက်ပဲဖြစ်ရမယ်”

နဉ်ရှီ၏စကားကိုကြားတော့ သည်လူတွေက သူတို့ချန်းရှီကွေ့အကြောင်း အတင်းတုပ်ခဲ့စဥ်က သူတို့တံခါးကို အနည်းငယ်ဟထားမိပုံရကြောင်း ပြန်သတိရသွားကာ ချက်ချင်းပင် မသက်မသာဖြစ်သွားကြသည်။  

သူတို့က နဉ်ရှီ၏အမူအရာကို ဆက်တိုက်အကဲခတ်နေပေမယ့် သူမ၏အမူအရာက တည်ငြိမ်နေလေရာ နဉ်ရှီက တကယ်ပဲ သူတို့၏စကားဝိုင်းကို ကြားသွားခဲ့လားဆိုတာ သူတို့လည်း မှန်းမထိတော့ချေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now