67-2

1K 156 4
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း (၆၇.၂)

ဆေးရုံလျှောက်လမ်းက ရှည်လျားလွန်းလို့ နဉ်ရှီအဆုံးထိမမြင်ရပေ။ သို့ပေမယ့် သူမခေါင်းထောင်လိုက်ချိန် “အရေးပေါ် ” ဆိုသည့် စာလုံးတွေကို တွေ့လိုက်ရ၏။ အလင်းရောင်ငြိမ်းသတ်သွားချိန် လူတစ်‌ယောက်ကို အခန်းထဲမှ‌‌ သယ်ထုတ်လာကြ၏။

“မင်းချစ်ရသူကိုဆုံးရှုံးသွားရတဲ့အတွက် ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်”

နဥ်ရှီက ကုတင်ထက်တွင်လှဲလျောင်းနေသောလူကို မှင်သက်စွာစိုက်ကြည့်နေ၏။ ထိုလူကြီး၏မျက်နှာထက်တွင် သွေးအစွန်းအစတွေ ကျန်ရစ်နေဆဲပင်။ သူဝတ်လေ့ရှိသည့် မျက်မှန်လည်း မရှိနေပါချေ။

“ဖေဖေ...”

သူမ ထိုလူကြီး၏အနား တိုး၍သွားချင်သော်လည်း သူနာပြုက သူ့မျက်နှာကို အဝတ်ဖြူနှင့်ဖုံးအုပ်လိုက်၏။

“ဖေဖေ!”

သူမရှေ့ကိုတိုးသွားပေမယ့် လှေကားပေါ်မှကျသွား၏။ သူမဘေးနားဝိုင်းနေသည့်လူတွေက သူမကိုလက်ညှိုးထိုးလာကြတော့သည်။

“သနားစရာကောင်းလိုက်တာ...ခုနက တိုက်ပေါ်ကခုန်ချသွားတဲ့သူက သူ့အမေလား?”

“ဒီကောင်မလေးက အသက်တောင်မပြည့်သေးဘူး...”

နဉ်ရှီ ဘေးပတ်ဝန်းကျင်ကို ကြောင်အစွာ ကြည့်နေမိသည်။ သူမအရှေ့က တံခါးပွင့်သွားချိန်မှာတော့ သူမအမေက သွေးအိုင်ထဲလဲနေ၏။ ရဲသားတစ်ယောက်က သူမအမေဆီလျှောက်လာပြီး အလောင်းအိတ်ထဲထည့်လိုက်၏။

“ဖေဖေ...မေမေ...”

နဉ်ရှီမတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သည်။ သို့ပေမယ့် ရုတ်တရက်ဆိုသလို သူမ၏လက်ကောက်ဝတ်ကို လက်နွေးနွေးတစ်ဖက်က ဆုပ်ကိုင်လာ၏။

ရုတ်တရက် သူမမျက်လုံးတွေဖွင့်လာ၏။ သူမ မြင်သမျှအရာအားလုံးက အဖြူရောင်နံရံနှင့် IV holderပေါ်တွင် ချိတ်ဆွဲထားသည့် dripပုလင်းကြီးပါပင်။

[T/N: IV holderနဲ့ drip bottleက ဇာတ်ကားအကြည့်များတဲ့သူဆိုသိကြလိမ့်မယ်။ ဇာတ်ကောင်တစ်ယောက် ဆေးရုံတက်ရင် ဆေးသွင်းရတာက drip bottle နဲ့ IV holder နဲ့ကျ သွင်းနေရင်းတန်းလန်း လမ်းလျှောက်လို့ရတယ်လေ။ ဆေးပုလင်းချိတ်ထားတဲ့တိုင်မျိုးပဲ။ မျက်မှန်းတန်းမိကြမယ်ထင်တယ်။]

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now