82.2

823 116 4
                                    

Unicode

အပိုင်း (၈၂.၂)

ရဲမေက ကျူးမိုလီ၏ အခြေအနေကို သေချာအကဲခတ်လိုက်သည်။ သူမ၏ ဆံပင်များ ရှုပ်ပွနေပြီး မျက်နှာကလည်း မိတ်ကပ်ပင် မလိမ်းထားဘဲ ဝါကြန့်ကြန့်ဖြစ်နေသည်။ ထို့အပြင် ကြွေမွနေသည့် ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အမူအရာက စိတ်မရှည်သလိုလို စိတ်လှုပ်ရှားနေသလိုလိုဖြင့် ဂနာမငြိမ် ဖြစ်နေသည်။ သူမကို တစ်ယောက်ယောက်က ချုပ်ကိုင်နေခြင်းများလားဟု ရဲမေက ကောက်ချက်ချလိုက်ပြီး ခါးမှ ဆက်သွယ်ရေးစက်ဖြင့် ရဲစခန်းသို့ အကူအညီ လှမ်းတောင်းလိုက်သည်။

လောလောဆယ် သူတို့ဘက်မှ လူအင်အားနှစ်ဦးသာ ရှိပြီး အိမ်ထဲတွင် တစ်ယောက်ယောက် ပုန်းအောင်းနေမလား မသေချာသေးသောကြောင့် သူတို့က အလျင်စလို မဝင်သွားရဲပေ။ သို့သော် ကျူးမိုလီ အသက်အန္တရာယ်မရှိကြောင်း သေချာစေရန်အတွက်လည်း ထွက်မသွားရဲခဲ့ပေ။ သို့ဖြစ်ရာ ကျူးမိုလီနှင့် စကားပြောရင်း အတတ်နိုင်ဆုံး အချိန်ဆွဲလိုက်ကြသည်။

အစပိုင်းတွင် ကျူးမိုလီက ဘာကိုမှ သတိမပြုမိခဲ့ပေ။ သို့သော် ရဲနှစ်ယောက်က သူမ၏အိမ်ရှေ့မှ ထွက်သွားရန် ဆန္ဒမရှိကြောင်း သတိပြုမိလိုက်သည်နှင့် သံသယဝင်လာတော့သည်။ “ရှင်တို့ ဘာလုပ်မလို့ ကြိုးစားနေတာလဲ..? ကျွန်မ အဆင်ပြေတယ်လို့ ပြောနေတယ်လေ.. အားအားယားယား စကားပြောနိုင်တဲ့အထိ ရှင်တို့ရဲတွေ အရမ်းအားနေကြတာလား..?”

ရဲနှစ်ယောက်လုံး Bodycam (ရင်ဘတ်တွင် တပ်ဆင်ထားသည့် ရဲအသုံးအဆောင် ကင်မရာအသေး) ကို ဖွင့်လိုက်ကြသည်။ ကျူးမိုလီ၏ စိတ်မရှည်သော လေသံကြောင့် သူတို့ မှားယွင်းသံသယဝင်မိတာလားဟု တွေးလာကြသည်။ ဧကန္တ ဤအနုပညာရှင်က တကယ်ကြီး  အဆင်ပြေနေခြင်းလော။

ကျူးမိုလီက သူတို့ကို အော်ငေါက်နေသော်လည်း ရဲနှစ်ယောက်က သူမကို ပြန်မပြောနိုင်ခဲ့ပေ။ သူတို့ လှည့်ထွက်တော့မည့်အချိန် အိမ်ထဲမှ အသံတစ်ခု ကြားလိုက်ရသည်။

ထိုအချိန်မှာတော့ ရဲသားလည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ ကျူးမိုလီကို အိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး သူမ၏အနောက်မှ တံခါးကို ပိတ်ပစ်လိုက်သည်။ ပြီးနောက် ကျူးမိုလီကို ကာကွယ်ပေးရင်း တံခါးအနီးမှ ဆုတ်ခွာလာလိုက်သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now