29.2

1.3K 170 14
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း (၂၉.၂)

ချန်းမိသားစု၏လျစ်လျူရှုခံထားရသည့် တီဗီလေးဟာ ဒီနေ့မှာဆိုရင်ဖြင့် အဖက်လုပ်ခံရပြီဖြစ်သည်။ ဤအချင်းအရာကြောင့် ဗီလာထဲရှိ ‌အိမ်ဖော်အနည်းငယ်၏စိတ်ထဲ အံ့အားသင့်သွားကြ၏။ အထူးသဖြင့် တီဗီတစ်ခါမှမကြည့်သူက ယခုကြည့်နေသည့်အခါတွင်ပေါ့။ 

တီဗွီကြည့်နေရင်း ချန်းရှီကွေ့တစ်ယောက် သူဟာအချိန်နောက် အမှီမလိုက်နိုင်သလို ခံစားနေရသည်။ နဉ်ရှီပြောလိုက်သည့် ခွေးလည်ပတ်ကြိုး[၂]၊ ကြောက်လန့်နေတဲ့ ကလေး[၃]နှင့် မြို့က ဘယ်လိုကစားရမလဲ သိတယ်[၄]စသည့်စကားစုတို့၏ အဓိပ္ပာယ်ကို သူနားမလည်နိုင်ချေ။ ‘stargazypie’[၅]က ဘာလဲဆိုသည်ကိုပင် သူမသိ။ ထို့ပြင် စာတန်းတွေက ဘာကြောင့် ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတတွေနဲ့ ရှုပ်နေရတာလဲ? အချို့က ရယ်မောနေကြပြီး အချို့ကငိုနေပုံရသည်။

“သုံးနှစ်ကွာရုံနဲ့ မျိုးဆက်တစ်ခုခြားသွားနိုင်တယ်” ဟု ရှေးလူကြီးတွေအားလုံးက ပြောလေ့ရှိကြသည်။ သူနှင့်နဉ်ရှီကြားမှာဆို မျိုးဆက်ငါးခုလောက် ကွာဟသွားမှာ မဟုတ်လား?

“အချစ်စာမှာဘာရေးထားလဲ?”

“ကျွန်မ မသိဘူး”  

သူ့ဖုန်းကိုယူဖို့ ခေါင်းငုံ့လုဆဲဆဲတွင် သူတန့်သွား၏။ တီဗီထဲမှပုဂ္ဂိုလ်ကိုကြည့်ရန် သူခေါင်းမော့လိုက်သည်။ ထိုပုံစံအတိုင်းပင် သူအစီအစဉ်ပြီးသည်အထိ ကြည့်နေခဲ့ပြီးနောက် ထိုအစီအစဉ်အစား ကြော်ငြာဝင်လာခဲ့သည်။ 

“ရှီ‌ကွေ့?” ချန်းမားမားက အောက်ထပ်ဆင်းလာချိန် တီဗွီဖွင့်လျက်နှင့် ဆိုဖာပေါ် ကြက်သေသေလျက် ထိုင်နေသည့် သူမရဲ့သားကိုတွေ့လိုက်ရသည်။ သူမသိချင်စိတ်နှင့် မေးလိုက်၏။ “အခုညဆယ်‌နာရီတောင်ကျော်နေပြီ သားဘာလို့မအိပ်သေးတာလဲ?”

ပုံမှန်အားဖြင့် ဤအချိန်ဆိုလျှင် သူ့အိပ်ယာထက်တွင် လှဲနေလောက်ပြီဖြစ်သည်။ အဲ့ဒီအစား သူဘာလို့ ဒီနေ့ကျမှ တီဗွီကြည့်နေပါလိမ့်? သူမတီဗွီကိုတစ်ချက်ဝေ့ကြည့်တော့ အားကစားဖိနပ်ကြော်ငြာများသာတွေ့ပြီး ဘာမှထူးထူးခြားခြားမရှိချေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now