69-2

986 156 2
                                    

Unicode

အပိုင်း - (၆၉/၂)

“Juliana ကို ကြိုက်တယ်လို့ အစ်ကို ပြောခဲ့ဖူးတယ်မလား..? အဲ့တာကြောင့် တကူးတက ခေါ်လာတာ..”

ကျန်းချင်းယွင်မှာ ထိုစကားကြားပြီး ခြေထောက်များပင် ပျော့ခွေလာသလို ခံစားလိုက်ရသည်။ “ဒီရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖူးတယ်..?!”

“တင်..!” ဓာတ်လှေကားတံခါး ပွင့်သွားပြီး တရုတ်ကိုယ်စားလှယ် စီစဉ်ထားသည့် လူနှစ်ယောက်က တံခါးရှေ့တွင် စောင့်ကြပ်နေသည်။

“ဒီအထပ်က ‘The Unrivalled 2’ ရုပ်ရှင်အဖွဲ့သားတွေအတွက် သီးသန့်ငှားရမ်းထားပြီးသားပါ.. ကျေးဇူးပြုပြီး ဖိတ်ကြားလွှာရှိရင် ပြပေးပါ..” ထိုယောက်ျားသည် ပြုံးလျက် သူမကို ယဉ်ယဉ်ကျေးကျေး ပြောဆိုနေသော်လည်း သူ၏ အကြည့်က နဉ်ရှီဟာ ‘The Unrivalled 2’ ကို အသုံးချပြီး စန်းတင်ရန် ကြိုးစားနေသကဲ့သို့ တွေးနေမှန်း သိသာလှသည်။

အနုပညာလောကတွင် ဤသို့ နည်းလမ်းများစွာ အသုံးချပြီး စန်းတင်တတ်သူများ အများအပြား ရှိလေ၏။ လူမသိသူမသိ သရုပ်ဆောင်တချို့သည့် နာမည်ကြီးလာအောင် အကြောင်းဖန်ပြီး A-List သရုပ်ဆောင်များအနား အရှက်မရှိ ကပ်တွယ်ကာ ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အချင်းချင်း ရင်းနှီးသလိုမျိုး လူအများအထင်မှားအောင် ရည်ရွယ်ချက်ရှိရှိ ခင်မင်ရင်းနှီးလေဟန် အွန်လိုင်းပေါ် ရေးတင်တတ်ကြလေသည်။

ကံဆိုးစွာဖြင့် နဉ်ရှီက ဖိတ်ကြားလွှာကို ဆွဲထုတ်ကာ ထိုလူများထံ ကမ်းပေးနိုင်ခဲ့သည်။ ဖိတ်ကြားလွှာကို သေသေချာချာ စစ်ဆေးပြီးနောက် ထိုလူများလည်း ရှက်အမ်းအမ်း ဖြစ်သွားကြရသည်။

“တောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး ဒီဘက်ကို..” နဉ်ရှီကို အချိန်ဆွဲခဲ့သော ဝန်ထမ်းမှာ နောင်တများဖြင့် မျက်နှာပျက်နေ၏။ ပြောချင်ရာပြောပြီးမှာသာ ‘ချန်းရှီကွေ့၏ ချစ်သူကောင်မလေး’ ဟူသော နဉ်ရှီ၏ နောက်ထပ်အဆင့်အတန်းကို သတိရလိုက်သည်။

ထိုသို့ဩဇာအာဏာကြီးမားသော ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားသူအနေဖြင့် နဉ်ရှီသည် သူမ သွားလိုသည့် မည်သည့်နေရာမဆို တံခါးမရှိဓားမရှိ သွားလာနိုင်မည်ပင်။ ဝန်ထမ်းခမျာ လမ်းပြနေရင်း သူ၏ အစောပိုင်းအပြုအမူအပေါ် နဉ်ရှီ ခွင့်လွှတ်ပါစေဟုသာ ဆုတောင်းနေမိတော့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now