34

1.3K 182 24
                                    

Unicode

အပိုင်း - (၃၄)

“ဟူး.. ဟူး..”

ခေါင်မိုးကိုလေတိုးနေသော အသံတချို့ ထွက်ပေါ်နေလေ၏။

ချန်းရှီကွေ့မှာ နဉ်ရှီကိုငေးကြည့်ရင်း ဘာပြောရမှန်းမသိ ဖြစ်နေတော့သည်။

သူ၏မှတ်ဉာဏ်ထဲတွင် နဉ်ရှီ ကျိန်းသေပေါက် ရှိနေခဲ့သည်။ အထက်တန်းကျောင်းမှ သူမ၏ ကလေးဆန်ဆန် ရယ်မောတတ်ပုံများ၊ ရှက်ကိုးရှက်ကန်း ဖြစ်နေတတ်ဟန်လေးနှင့် ကျောင်းနှစ်ပတ်လည်ပွဲအတွက် ဂုဏ်ယူဝင့်ကြွားစွာ ဦးဆောင်ကြိုးပမ်းနေပုံ၊ ဆုရခဲ့ပုံများကို ပြန်လည်မြင်ယောင်လာသည်။ ဒါပေါ့၊ အနှစ်သက်ရဆုံး မှတ်ဉာဏ်ကတော့ သူဆေးရုံတက်ရသည့် အချိန်ကတည်းက စွဲထင်နေခဲ့သည့် သူမ၏ အတောက်ပဆုံး အပြုံးလေးပါပင်။

“အဲ့ကလေးမလေး ဆေးရုံစတက်တုန်းက အရမ်းချစ်ဖို့ကောင်းတာ.. ကံဆိုးချင်တော့ ဆေးသွင်းတဲ့ဒဏ်ကြောင့် ဝိတ်တက်လာရတယ်လို့..” သူ့ကို အနီးကပ်စောင့်ရှောက်ပေးသော သူနာပြုက စိတ်မကောင်းဖြစ်နေဟန်ဖြင့် ပြောလာသည်။ “မျက်နှာလှလှလေး.. ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ..”

ထိုသူနာပြု ဘာကိုနှမြောနေမှန်း သူ,နားမလည်ခဲ့ပေ။ သူ၏အမြင်မှာတော့ ကလေးမလေးသည် ပျော်ရွှင်မှုအပြည့်ဖြင့်၊ သူမ၏အပြုံးလေးက နှစ်လိုဖွယ်ကောင်းလွန်းသည်။ မည်သည့်အရာကို နှမြောရမည်နည်း။

လူနာဆောင်ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တိုင်း သူမလေးသည် ဥယျာဉ်ထဲတွင် လမ်းလျှောက်နေတတ်သည်။ ဒါမှမဟုတ် သူမ၏မိဘများကို နွဲ့ဆိုးဆိုးနေတတ်လေသည်။ အလွန်ချစ်စရာကောင်းပြီး သူမလေးကိုကြည့်တိုင်း စိတ်ကြည်လင်လာ၏။

ဤကမ္ဘာပေါ်တွင် ထိုကလေးမလေးကိုဖြစ်စေ၊ သူ့ကိုဖြစ်စေ၊ လွှမ်းမိုးချုပ်ကိုင်နိုင်သည့်အရာဟူ၍ လုံးဝမရှိပါချေ။

နောက်တော့ သူမလေးအကြောင်းစုံစမ်းရန် အထက်တန်းကျောင်းသို့ ရံဖန်ရံခါ သွားခဲ့သေးသည်။ ဆရာများက သူမဟာ ဆရာသမားများအပေါ် အလွန်ရိုသေကြောင်း၊ ထက်မြက်ကြောင်း၊ ဉာဏ်ကောင်းကြောင်း၊ အဆင့်ကောင်းကြောင်း၊ ပြိုင်ပွဲများအတွက် ကျောင်း၏ကိုယ်စားပြုဖြစ်ကြောင်း၊ စသည်ဖြင့် အမျိုးမျိုးချီးမွမ်းခဲ့ကြသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now