75-2

909 121 3
                                    

Unicode

အပိုင်း (၇၅/၂)

နဉ်ရှီကတော့ ကျင်းချန်၏ အမူအရာကို သိပ်ပြီးအာရုံမထားပေ။ ကျင်းချန်အပေါ် အမြင်ကြည်သည်ဟု မပြောနိုင်သော်လည်း လုံးလုံးလျားလျား သဘောမကျတာမျိုးလည်း မရှိသောကြောင့် သူ့ကို အထူးတလည် ဧည့်ခံမနေတော့ပေ။

နဉ်ရှီက ဝိုင်တစ်ငုံသောက်လိုက်သည်။ ပြီးမှ ခေါင်းမော့ကာ ပြောလိုက်သည်။ “အတိတ်အကြောင်းတွေ မပြောဘဲ ထမင်းဆက်စားကြရအောင်..”

“သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နဉ်ကျဲ..” ကျင်းချန်က ဖန်ခွက်မြှောက်ကာ ဝိုင်ကို သောက်လိုက်သည်။ “ဒါပေမဲ့ ကျွန်တော့်ရဲ့ မွေးနေ့အမှန်ကို သိနေတော့ နည်းနည်းအံ့ဩသွားတယ်..”

နဉ်ရှီက မျက်ခုံးပင့်ကာ ပြုံးလိုက်ရင်း.. “ကျွန်မတို့လို သရုပ်ဆောင်ပေါက်စလေးတွေက အထင်ကရပုဂ္ဂိုလ်တွေကို မစော်ကားမိအောင် လေ့လာထားရတယ်လေ.. မတော်လို့ တစ်ယောက်ယောက်ကို ရန်စမိရင် အနုပညာလောကထဲ ဘယ်လိုလုပ် ရှင်သန်နိုင်တော့မှာလဲ..? ရှင့်ရဲ့မွေးနေ့တင်မကဘူး.. အဓိကရင်းနှီးမြှုပ်နှံသူ အတော်တော်များများရဲ့ ဝါသနာ၊ ဘာတွေစိတ်ဝင်စားတတ်လဲ ဆိုတာပါ မှတ်ထားရတယ်..”

ကျင်းချန်ခမျာ မှင်သက်သွားရသည်။ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ စကားပြန်နိုင်ခဲ့လေသည်။

“သရုပ်ဆောင်လုပ်ရတာ…… မလွယ်ဘူးပဲ..”

နဉ်ရှီ၏ နှုတ်ခမ်းထောင့်များ ကော့တက်သွား၏။ ဝိုင်ခွက်အစွန်းကို လက်ညှိုးဖြင့် အသာအယာ ရစ်ဝိုင်းနေရင်း တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ “ဘယ်အလုပ်မဆို အလွယ်လိုက်လို့ရတဲ့ လမ်းကြောင်းဆိုတာ မရှိပါဘူး..”

“ဟုတ်တာပေါ့..” ကျင်းချန်က တက်တက်ကြွကြွ သဘောတူလိုက်သည်။

ချန်းရှီကွေ့က သူ့ကို တစ်ချက်သာ မော့ကြည့်ပြီး ဘာမှဝင်မပြောခဲ့ပေ။

နေ့လည်စာစားပြီးနောက် ကျင်းချန်သည် ချန်းရှီကွေ့၏ အိမ်တွင် တစ်ခဏသာ အချိန်ဆက်ဖြုန်းပြီး ပြန်သွားလေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now