12

1.7K 219 2
                                    

Unicode

အခန်း (၁၂) - ရုပ်ရှင်အသစ်

“ဒီလိုကားမျိုးတွေကြိုက်ရင် နာမည်ပိုကြီးလာအောင်၊ ပိုက်ဆံအများကြီးရအောင် အလုပ်ကြိုးစား.. နာမည်ကျော်ဖြစ်လာတဲ့တစ်နေ့ လိုချင်တဲ့ကားမှန်သမျှ ဝယ်နိုင်လိမ့်မယ်..” ကျန်းချင်းယွင်က ကားတံခါးဖွင့်ရင်း ပြောလိုက်သည်။ နဉ်ရှီ ကားထဲဝင်သွားတော့မှ သူက နဉ်ရှီကို ငုံ့ကြည့်လိုက်ရင်း.. “ဒါပေမဲ့ ကောင်မလေးကို ကြိုက်တာဆိုရင်တော့ အတတ်နိုင်ဆုံး ဖုံးကွယ်ထား.. ဒီလိုကိစ္စမျိုးကို မီဒီယာတွေ မသိသွားစေနဲ့..”

ထိုသို့ပြောရင်း ကျန်းချင်းယွင်တစ်ယောက် သူ့ကိုယ်သူ သဘောကျနေတော့သည်။

သူ့လို ဉာဏ်ပညာကြီးတဲ့ အေးဂျင့်မျိုး ဘယ်မှာသွားရှာမလဲ..?

နဉ်ရှီက ခြုံထည်ကို ခပ်တင်းတင်း ဆွဲလိုက်ရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“အစ်ကို အတွေးလွန်နေပြီ..”

“ငါ အတွေးလွန်နေတာမဟုတ်ဘူး.. ကောင်မလေးကို မြင်လိုက်တာနဲ့ မင်းရဲ့မျက်လုံးတွေက ဘလင်းဘလင်း ထနေတာလေ.. ဒီလောက် သိသာ……….”

စကားမဆုံးခင်မှာပင် သူ့ရဲ့အနောက်မှ ခြေသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။ ကျန်းချင်းလွင်လည်း နောက်လှည့်ကြည့်လိုက်သည်။ ရုတ်တရက် အံ့အားသင့်သွားရသည်။

မစ္စတာချန်း ဘယ်အချိန်ထဲက ရောက်နေတာလဲ..? သူ ပေါက်ကရပြောတာတွေ ကြားသွားပြီလားမသိဘူး..?

ထိုအခိုက် ပတ်ဝန်းကျင်လေထုက နေရခက်သော အငွေ့အသက်များဖြင့် ပြည့်နှက်လာခဲ့တော့သည်။

“ဟယ်လို မစ္စတာချန်း.. တိုက်ဆိုင်လိုက်တာ..”

ကျန်းချင်းယွင်က ခြောက်ကပ်ကပ် ပြုံးလိုက်ရင်း တစ်ဖက်လူ၏မြင်ကွင်းမှ နဉ်ရှီကို မမြင်သာအောင် ကြိုးစားဖုံးကွယ်လိုက်၏။ ဤမျှ ရှက်စရာကောင်းသောကိစ္စ၊ သူတစ်ယောက်တည်း မျက်နှာပျက်တာနဲ့တင် လုံလောက်နေချေပြီ။ နဉ်ရှီ၏ အသက်မွေးဝမ်းကြောင်းက သူမ၏မျက်နှာလေးအပေါ် မူတည်နေတာကြောင့် သူမကိုပါ ရေဆိုးမြောင်းထဲ ဆွဲမချလိုခဲ့ပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now