93

696 97 2
                                    

Unicode

အခန်း - (၉၃)

လူအများအတွက် မင်္ဂလာပွဲဟူသည် တစ်သက်တွင်တစ်ကြမ်သာ ကျင်းပရသည့် ပွဲအခမ်းအနား ဖြစ်သည့်အား​လျော်စွာ အရေးကြီးဆုံးနေရာတွင် ထားပြီး အချိန်ရောလူပါ ပုံအပ်၍ ပြင်ဆင်တတ်ကြသည်။

ချန်းရှီကွေ့အတွက်တော့ ဤနေ့လေးသည် သူ့ဘဝတွင် မေ့မရနိုင်ဆုံးနေ့လေးတစ်နေ့ ဖြစ်လာခဲ့၏။ သူချစ်ရသည့် အမျိုးသမီးက သူနှင့်လက်ထပ်ပြီး ဘဝတစ်ခုလုံး အတူကုန်ဆုံးရန် ဆန္ဒရှိကြောင်း အဖြေပြန်ပေးခဲ့သည်။ သူ့ဘဝ၏ အကောင်းဆုံး လက်ဆောင်မွန်ပင်။ သို့ဖြစ်ရာ သူ့သူငယ်ချင်းများ မည်သို့စနောက်နေပါစေ ဝမ်းသာကြည်နူးစိတ်များဖြင့် ပြုံးရုံသာပြုံးနေပြီး ဘာမှပြန်မပြောခဲ့ပေ။

ထောင်ရှန်းရန်နှင့်အဖွဲ့လည်း အတော်ကြာ စနောက်ပြီးနောက် အပိုမီးလုံးများ ဆက်ရှိမနေသင့်တော့ကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် လိမ္မာပါးနပ်စွာဖြင့် ချစ်ကြည်နူးနေသော စုံတွဲကို ချန်ထားရစ်ကာ ထွက်လာခဲ့လိုက်သည်။

ကျန်းချင်းယွင်လည်း ထောင်ရှန်းရန်၊ ချောင်မန်တို့နှင့်အတူ ထွက်လာခဲ့သည်။ တံခါးအပြင်သို့ ရောက်သည်နှင့် သူတို့အားလုံး နှင်းဆီပန်းများ ရှင်းလင်းနေသည်ကို မြင်လိုက်ရသည်။ အလုပ်သမားတချို့က မြေပြင်ပေါ်ရှိ နှင်းဆီပွင့်ဖတ်များကို လှည်းကျင်းနေသည်။ ကျန်းချင်းယွင်သည် သူ၏အရှေ့မှ သခင်လေးနှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ဘာမှမပြောခဲ့ပေ။ သို့သော် ထောင်ရှန်းရန်က နောက်လှည့်ပြီး ပြုံးစစမျက်နှာထားဖြင့် ပြောလာသည်။ “ဒီမနက် ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့သိပြီးသား..”

ကျန်းချင်းယွင်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းမောချလိုက်မိသည်။ ကြည့်ရသည်မှာ မစ္စတာချန်းသည် အင်တာနက်ပေါ်မှ အခြေအမြစ်မရှိသည့် ကောလာဟလများကို အဖက်လုပ်ပုံမပေါ်ပေ။

“ကြားဖူးသလောက် ကျို့ကျီက အနုပညာလောကရဲ့ နာမည်ကြီးဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုဆို.. အစ်ကိုချန်းတောင် ရင်းနှီးမြှုပ်နှံထားသေးတယ်.. ဒါပေမဲ့ မင်းတို့ကုမ္ပဏီရဲ့ PR Team က ဒီတစ်ခေါက် တုံ့ပြန်မှုနှေးကွေးလိုက်တာ..” ထောင်ရှန်းရန်က အမှုမထားသလို ဆက်ပြောလာသည်။ “နောက်ထပ် ဒီလိုမျိုးတွေ ထပ်ကြုံလာရင် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မှဖြစ်မယ်..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now