10

1.8K 229 8
                                    

Unicode

အခန်း (၁၀) - ဝမ်းနည်းနေသော ပရိသတ်

Reality Show ထုတ်လွှင့်ပြသချိန်၊ <<ကိုယ့်နှလုံးသားက မင်းကိုပဲ တမ်းတနေမိတယ်>> ရုပ်ရှင်သည်လည်း လက်တလောတွင် နာမည်ကြီးနေသောကြောင့် ထိုနေ့ညက ထုတ်လွှင့်မှုအပိုင်းကို လူအများအပြား ကြည့်ရှုခဲ့ကြပြီး Rating အတော်လေး ကောင်းခဲ့လေ၏။

သဘာဝကျစွာဖြင့် Show မှာပါဝင်ခဲ့သူအားလုံး ပျော်ရွှင်နေခဲ့သော်လည်း အမျိုးသမီးဇာတ်လိုက် လျန်ချန်ယာ၏ ပရိသတ်များကတော့ မပျော်ရွှင်နိုင်ခဲ့ပေ။ အကြောင်းမှာ Show အစမှအဆုံးထိ ဒုတိယအမျိုးသမီးဇာတ်လိုက်က ပရိသတ်အာရုံကို ခိုးယူသွားသည်ဟု ထင်မြင်နေသောကြောင့်ပင်။

တစ်ခါတရံ အစီအစဉ်တင်ဆက်သူက ချူးဟန်နှင့် လျန်ချန်ယာတို့ကို စကားပြောလိုက်သည်နှင့် ထိုသရုပ်ဆောင်က ကြားဖြတ်ပြောပြီး အနှောင့်အယှက်ပေးသလို သူမရဲ့ဖြစ်တည်မှုကို တမင်မြင်သာအောင် လုပ်ပြတတ်လေ၏။

ထို့ကြောင့် ထုတ်လွှင့်ပြီးသည်နှင့် လျန်ချန်ယာ၏ ပရိသတ်များ Weibo ပေါ်တွင် ပေါက်ကွဲကြတော့သည်။ တစ်စုံတစ်ယောက်က ထိုအကြောင်းကို စပြောလိုက်သည်နှင့် ချန်ရွှယ်ရဲ့အကျင့်စရိုက်က အတော်လေး ဆိုးဝါးကြောင်း၊ Show ရဲ့ အဓိကဇာတ်ကောင်ကို နားမလည်တဲ့အထိ ကိုယ့်အဆင့်ကိုယ်မသိကြောင်း၊ စသည်ဖြင့် တိုက်ခိုက်ကြတော့သည်။

(TN : လျန်ချန်ယာက ‘ကိုယ့်နှလုံးသားက မင်းကိုပဲ တမ်းတနေမိတယ်’ ရုပ်ရှင်ရဲ့ အဓိကအမျိုးသမီးဇာတ်လိုက်ဖြစ်ပြီး ချန်ရွှယ်က ဒုတိယအမျိုးသမီးဇာတ်လိုက်ပါ။ ဖြတ်လျှောက်ဇာတ်ကောင်လေးတွေဖြစ်တဲ့အတွက် မမှတ်ထားလည်း ရပါတယ်။)

ချန်ရွှယ်သည် လျန်ချန်ယာလောက် နာမည်မကြီးပါသော်လည်း ကိုယ်ပိုင် loyal Fandom (အမာခံပရိသတ်) တော့ ရှိနေသေး၏။ ထို့ကြောင့် သူတို့ရဲ့ idol အနိုင်ကျင့်ခံနေရတာကို မြင်လိုက်ရသည်နှင့် အကုန်လုံး အင်္ကျီလက်ဆွဲတင်ကာ ကီးဘုတ်ဖိုက်တာများ လုပ်ကြတော့သည်။

Fandom နှစ်ခု၏ တိုက်ပွဲကြားတွင် ချူးဟန်သည်လည်း ဆွဲသွင်းခံလိုက်ရတော့သည်။ တစ်ဖက်က ချူးဟန်ဟာ သူတို့ idol နှင့်တွဲမှ ပို၍ကြည့်ကောင်းကြောင်း လေတိုက်နေချိန်ဝယ်၊ ကျန်တစ်ဖက်ကလည်း ချူးဟန်က အခုလေးတင် သူတို့ idol နှင့် မဂ္ဂဇင်းတွဲရိုက်ခဲ့ကြောင်း ပြန်လည်ကြွားဝါကြတော့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now