50

1.2K 178 37
                                    

Unicode

အခန်း - (၅၀)

ရိုမန့်တစ်အလင်းရောင်က တဖျတ်ဖျတ်လက်နေသော ကြယ်ပွင့်များနှယ် မျက်စိကျိန်းစပ်ဖွယ်အတိ။ အလင်းတန်းများကြားမှ ပုံရိပ်လေးတစ်ခုကို နဉ်ရှီ လိုက်ရှာနေမိသည်။ ပြီးနောက် ပြုံးကာ အနောက်ကိုလှည့်၍ အိမ်တံခါးအပြင်သို့ ပြေးထွက်လာခဲ့တော့သည်။

နောင်တစ်ချိန် နောင်တရကောင်းရနိုင်တယ်။ ဒါမှမဟုတ် အဆုံးထိ လက်မတွဲနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုတော့ သူမ ချစ်မိသွားခဲ့ပြီ..!

“တွဲလိုက်ပါ..”

“သူ့ကို လက်ခံလိုက်ပါ..!”

ပြတင်းပေါက်အသီးသီးနောက်မှ လူအုပ်ကြီးသည် ဆက်လက်အော်ဟစ်နေတော့၏။ သူမကိုယ်စား သူတို့သာ လက်ခံပေးချင်တော့သည်။

ချန်းရှီကွေ့မှာ ထိုလူများကို လှည့်မကြည့်အားပေ။ နဉ်ရှီ၏တိုက်ခန်းဘက်သို့ ငေးကြည့်ကာ ပြတင်းပေါက်မှ ပျောက်ကွယ်သွားသော ပုံရိပ်လေးကို ရှာဖွေနေခဲ့၏။

သူ၏မျက်ဝန်းများ မှေးမှိန်လာပြီး သူ့လက်ထဲမှ Ongoing Call Screen ကို ငုံ့ကြည့်ကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။

“နဉ်ရှီ.. ကိုယ် မင်းအနားယူနေတာကို နှောင့်ယှက်မိသွားတာလား..?”

တစ်ဖက်မှ နဉ်ရှီ၏ အသက်ရှူသံကိုသာ ကြားနေရလေသည်။ အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် နဉ်ရှီ သူ့ကို စကားမပြောတော့ဘူးလို့ ထင်လိုက်မိသည့်အချိန် သူမ၏အသံလေး ထွက်ပေါ်လာခဲ့သည်။

“ရှင်က လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ CEO မဟုတ်ဘူးလား..?”

ချန်းရှီကွေ့က ပြန်ဖြေသည်။ : “ဟမ်..?”

“လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ CEO ကြီး ချစ်ခွင့်ပန်ရင် လူတိုင်း ပြန်ကြိုက်ကြတာပဲမလား..?”

ချန်းရှီကွေ့မှာ အသံကြားရာသို့ အံ့ဩတကြီး ငေးကြည့်လိုက်မိရင်း ထပ်ပြောလိုက်သည်။ : “နဉ်ရှီ.. ကိုယ် မင်းကို ချစ်တယ်..”

နဉ်ရှီက ဖုန်းချလိုက်ကာ သူ့အနားသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ : “ရှင်ဘာပြောလိုက်တာလဲဟင်..? ကျွန်မ မကြားလိုက်လို့..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now