29.1

1.2K 166 3
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း (၂၉.၁)

[T/N: E translator ပြောင်းသွားတဲ့အတွက် title မရှိတော့ပါဘူး။ စာလုံးရေများလို့ နှစ်ပိုင်းခွဲမယ်နော်။]

______________________________

“သုံးဘဝ သုံးရောင်ခြယ်”၏ ဖွင့်ပွဲအခမ်းအနားက အလွန်တရာရိုးရှင်းလှပေသည်။ သို့သော်လည်း နဉ်ရှီ၏ကျော်ကြားမှုကြောင့် သတင်းမီဒီယာအနည်းငယ်ကတော့ သူတို့ကိုသတင်းတင်နေဆဲပင်။ 

သတင်းကိုတွေ့လိုက်သည့် ဖန်အချို့က သူတို့၏နတ်ဘုရားမဟာ ထုံးစံအတိုင်း လှမြဲလှဆဲဟု ပြောလာကြသည်။ အချို့က ဤဇာတ်လမ်း၏ဒါရိုက်တာကို စစ်ဆေးကြည့်ရန် အပတ်တကုတ်ကြိုးစားခဲ့ကြကာ ဤဒါရိုက်တာရိုက်ကူးသည့် ရုပ်ရှင်များက မကျော်ကြားကြောင်း တွေ့ရှိခဲ့ကြသည်။ သို့ဖြစ်၍ သူတို့က နဉ်ရှီ၏အနာဂတ်လမ်းကြောင်း တိုးတက်ရေးအတွက် စတင်ပူပန်လာတော့သည်။ ဖန်တွေအတွက်တော့ သူတို့ကြိုက်နှစ်သက်ရသော သရုပ်ဆောင်ကို အစဉ်မပြတ် တောက်ပ၍ ကြီးပွားစေရန် မမျှော်လင့်ဘဲမနေကြ။ ဇာတ်ကားကြီးတစ်ခုတွင် ပါဝင်သရုပ်ဆောင်ရတာ၊ ဂုဏ်သတင်းကြီးတဲ့ ဆုတွေရတာ၊ အဓိကဘရန်း‌တွေအတွက် ပြောရေးဆိုခွင့်ရှိသူဖြစ်လာတာမျိုးပင်....။ သူမအောင်မြင်လာလေ ဖန်တွေပီတိဖြာလေပင်။

သို့သော်လည်း လုပ်ငန်းတစ်ခုထဲမှ လူတွေ၏အမြင်တွင်တော့ ကျို့ကျီကနဉ်ရှီအတွက် ‌စီစဉ်ပေးထားသည့် အခွင့်အလမ်းတွေက သူတို့သူမအပေါ်ထားသည့် မျှော်လင့်ချက်ကြီးမားကြောင်း သက်သေပြနေ၏။ အထူးသဖြင့် ချန်းရှီကွေ့က ကျို့ကျီဖျော်ဖြေရေးတွင် ရင်းနှီးမြှုပ်နှံမည်ဟူသော သတင်းထုတ်ပြန်ပြီး နှစ်ရက်ဆိုသည့်အချိန်တိုလေးအတွင်းမှာပင် ကျို့ကျီ၏စတော့ရှယ်ရာက တစ်သန်းနီးပါးထိ ထိုးတက်သွားတော့သည်။

ဖျော်ဖြေရေးလောကမှ လူတိုင်းသည် ကျို့ကျီကဖက်တွယ်ထားသည့် ရွှေပေါင်လုံးကြီးကြောင့် ရှော့ခ်ရနေဆဲမှာပင် “ပျော်ပျော်ရွှင်ရွှင် စကားပြောကြမယ်” ၏ ထုတ်လုပ်ရေးအဖွဲ့က ပရိုမိုးရှင်းအစီအစဉ်အနေဖြင့် season အသစ်၏ စိတ်ဝင်စားဖွယ်အစီအစဉ်များကို ထုတ်လွှင့်လိုက်၏။ ထို့ပြင် အတိတ်မှာ နဉ်ရှီခပ်ဝဝမိန်းကလေးဖြစ်ခဲ့သည် ဟူသော သတင်းက အမျိုးမျိုးသော မီဒီယာကုမ္ပဏီ‌ကြီးတွေကြောင့် ချက်ချင်းပင်ပျံ့နှံ့သွားတော့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now