77

989 120 6
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း (၇၇)

"မင်းပုံစံကြည့်ရတာ ဒီနေ့စိတ်ကောင်းဝင်နေတဲ့ပုံပဲ" နောက်တစ်‌နေ့နံနက် ကျန်းချင်းယွင်‌တစ်ယောက် နဉ်ရှီကို သွားခေါ်သောအခါဝယ် သူမ၏ နှင်းဆီသွေးရောင်ထနေသော ပါးမို့မို့လေးများနှင့် ပျော်ရွှင်နေသော အမူအရာကို သတိထားမိလိုက်သည်။ "တစ်ခုခုကောင်းတာများ ဖြစ်ခဲ့လို့လား?"

နဉ်ရှီက မျက်ခုံးပင့်လိုက်သည်။ "အစ်ကိုကျန်းတစ်ယောက်ကတော့လေ တော်တော်လေး စပ်စုတတ်လာတာပဲ.."

နဉ်ရှီ၏မှတ်ချက်နောက်ကွယ်က ဆိုလိုရင်းကို ကျန်းချင်းယွင်က ချက်ချင်းနားလည်လိုက်သည်။ သူကရှေ့ကိုလှည့်ပြီး ပြည်သူ့ရုပ်မြင်သံကြားဌာနဆီကို ဦးတည်မောင်းသွားတော့သည်။

"ဒီနေ့ အစ်ကို မင်းအတွက် လက်ခံထားပေးတဲ့ show က rating အမြင့်ကြီးတော့မဟုတ်လောက်ဘူး၊ ဒါပေမဲ့ ဒီ showက သူ့ဟာနဲ့သူတော့ ကျော်ကြားတယ်၊ ပြီးတော့ အစီအစဉ်တင်ဆက်သူက နိုင်ငံပိုင်ရုပ်သံဌာနရဲ့ ထိပ်တန်းcelebrityပဲ.." ကျန်းချင်းယွင်က တန့်သွားသည်။ "ဒီနယ်ပယ်မှာ ဖော်ရွေပျူငှာတဲ့လူတွေအများကြီးရှိပေမယ့် သူတို့ မင်းအပေါ်ကောင်းပေးတယ်ဆိုတာကြောင့်နဲ့ အောက်ခြေမလွတ်သွားစေနဲ့.."

နဉ်ရှီခေါင်းညိတ်လိုက်သည်။

နဉ်ရှီက အဆောက်အအုံထဲ လမ်းလျှောက်ဝင်သွားပြီး ရုပ်သံဌာနမှဝန်ထမ်းကို နှုတ်ခွန်းဆက်လိုက်ပြီး ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်၏။

ဓာတ်လှေကားတံခါးပိတ်မသွားမီ တခြားအုပ်စုက ဝင်လာကြ၏။ လူအုပ်ကိုဦးဆောင်လာသူက နေကာမျက်မှန်တစ်စုံ ဝတ်ဆင်ထားသည်။ သူ့နောက်မှ လက်ထောက်များစွာ လိုက်လာကြသည်ကို ကြည့်ရပုံထောက် သူဟာ အရေးပါအရာရောက်သောပုဂ္ဂိုလ်တစ်ယောက် ဖြစ်လိမ့်မည်။

"မစ္စနဉ်...မစ္စတာကျန်း...တိုက်ဆိုင်လိုက်တာ" နေကာမျက်မှန်ဝတ်ထားသော လူရွယ်ဘေးတွင် ရပ်နေသော ကလန်ကလားလူကြီးက သူတို့ကိုသတိထားမိသွားကာ ချက်ချင်းပင် ဖော်ရွေပျူငှာသောပုံပေါက်သွားတော့သည်။ နေကာမျက်မှန်ဝတ်ထားသောလူရွယ်ပင် အထူးတလည် မျက်မှန်ချွတ်လာခဲ့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now