72.1

951 135 0
                                    

Unicode

အပိုင်း - (၇၂/၁)

“မူးနေလား..?” နဉ်ရှီ၏ ပါးပြင်လေးများ နီရဲနေသောကြောင့် ချန်းရှီကွေ့မှာ အတန်ငယ် စိုးရိမ်သွားခဲ့သည်။

“ဟမ်..?” နဉ်ရှီသည် ကားပေါ်မှဆင်းပြီး ဆံပင်ကို နားရွက်နောက်သို့ သပ်တင်လိုက်၏။ ပြီးနောက် ပြန်ဖြေသည်။ “မဟုတ်ပါဘူး.. ဒီအတိုင်း… နည်းနည်းလေး တက်ကြွနေရုံပါ..”

ညလေညင်းက သူမ၏ မဟူရာဆံနွယ်များကို ဆောင်ယူကာ မျက်နှာပေါ်သို့ ဖြတ်ပြေးနေသဖြင့် နှင်းပွင့်သဖွယ် ဖြူဥနေသော အသားအရေထက် ပနံသင့်နေတော့သည်။

နွေးထွေးအိစက်သည့် လက်တစ်စုံက သူ၏ လည်ပင်းကို ဖက်တွယ်လာချိန် ချန်းရှီကွေ့မှာ မှင်သက်သွားပြီး ရုတ်တရက် ဓာတ်လိုက်သွားသလိုမျိုး ကျောက်ရုပ်ဖြစ်သွားရ၏။

အနောက်မှ စောင့်ကြပ်လိုက်ပါလာသော ကိုယ်ရံတော်များသည်လည်း သူတို့၏ အရှေ့မှ မြင်ကွင်းကြောင့် ကပျာကယာ ခေါင်းငုံ့လိုက်ကြသည်။ ပွေ့ဖက်နေသော စုံတွဲကို မော့မကြည့်ရဲခဲ့ပေ။

ညမြင်ကွင်းက လှပသလား ရိုးရှင်းသလားပင် အရေးမပါတော့။ ညအလင်းရောင်အောက်မှ ချန်းရှီကွေ့ကြောင့် ရင်ထဲ နွေးထွေးသွားရသဖြင့် နဉ်ရှီမှာ တစ်ကိုယ်လုံး သက်သောင့်သက်သာဖြစ်လာသလို ခံစားလိုက်ရသည်။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ နာကျင်မှုများကို မေ့ပျောက်ထားနိုင်ပေလိမ့်မည်။ စိတ်အေးချမ်းပြီး စိတ်ပြေလက်ပျောက် ဖြစ်လာခဲ့သည်။

ချန်းရှီကွေ့က သူမ၏ခါးကို သိုင်းဖက်လိုက်ရင်း.. “ညရှုခင်းက အရမ်းလှတယ်.. ခဏလောက် လမ်းလျှောက်ကြရအောင်လေ..”

နဉ်ရှီက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ဆန်းသစ်စ လခြမ်းကွေးကွေးလေးသည် ကောင်းကင်ထက်ဝယ် အပြုံးတစ်ပွင့်သဖွယ် ကွေးညွှတ်လျက်.. “အွန်း..”

ချန်းရှီကွေ့၏ လက်ဖဝါးပြင်သည် ကြီးမားကျယ်ပြန့်ပြီး နွေးထွေးပေ၏။ နဉ်ရှီ၏ လက်ဖဝါးတစ်ခုလုံးကို လုံခြုံနေအောင် ဆုပ်ကိုင်ပေးထားနိုင်သည်။ နှစ်ယောက်သား အိမ်ရာခြံဝင်းကြီးထဲရှိ ပန်းခြံငယ်လေးထဲတွင် လမ်းလျှောက်နေခဲ့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now