36

1.3K 183 31
                                    

Unicode

“မစ္စတာချန်း.. ခင်ဗျား စုံစမ်းခိုင်းထားတဲ့ကိစ္စ ဒီမှာပါ..”

ချန်းရှီကွေ့၏ရှေ့သို့ သေချာချိပ်ပိတ်ထားသော စက္ကူအိတ်တစ်အိတ် ရောက်ရှိလာသည်။ ချန်းရှီကွေ့က တစ်ချက်သာကြည့်ပြီး ဖွင့်မဖတ်ခဲ့ပေ။ “အဲ့နှစ်တုန်းက လူဘယ်နှစ်ယောက်များ ဒီကိစ္စထဲမှာ ပါဝင်ပက်သက်နေတာလဲ..?”

အလွတ်စုံထောက်က ချန်းရှီကွေ့၏ စာအိတ်ထဲမှ အကြောင်းအရာတွေအပေါ် လုံးဝစိတ်မဝင်စားသည့် အပြုအမူကို မြင်လိုက်သော်လည်း စိတ်ထဲမထားခဲ့ပေ။ သူက စာအိတ်ထဲမှ စာရွက်တစ်ရွက် ထုတ်ယူလိုက်သည်။ “ခင်ဗျားပြောချင်တာက အဲ့ကိစ္စထဲ ပါဝင်ခဲ့တဲ့လူတွေလား.. ဒါမှမဟုတ် အဲ့ကိစ္စကိုသိနေရက်နဲ့ နှုတ်ဆိတ်နေတဲ့လူတွေလား.. ကျွန်တော် သိပ်မရှင်းဘူး..”

အခန်းထဲတွင် တိတ်ဆိတ်ခြင်းများသာ စိုးမိုးသွားခဲ့၏။ ချန်းရှီကွေ့က လက်ဖက်ရည်ခါးခါး တစ်ငုံသောက်ကာ..

“နှစ်ခုလုံးသိချင်တယ်..”

“အဲ့နှစ်က အတန်းထဲမှာ ကျောင်းသားအားလုံးပေါင်း ၅၆ ယောက်ရှိတယ်.. ဒီကိစ္စထဲပါဝင်ခဲ့တာက ၁၂ ယောက်၊ အဲ့ထဲက ၅ ယောက်က တခြားအခန်းကပဲ.. အားလုံးခြုံကြည့်လိုက်ရင်တော့ ဒီကိစ္စကို သိထားတဲ့လူက အယောက် ၂၀ ကျော်လိမ့်မယ်..” ထိုအကြောင်းပြောနေရင်း အလွတ်စုံထောက်၏အသံက တဖြည်းဖြည်း တိုးလာခဲ့သည်။

(TN : သူပြောချင်တာက တိုက်ရိုက်ပါဝင်ခဲ့တာ ၁၂ ယောက်၊ သိလျက်နှုတ်ဆိတ်နေတဲ့လူတွေပါ ပေါင်းလိုက်ရင် အယောက် ၂၀ ကျော်လို့ပြောတာ။)

ချန်းရှီကွေ့ကိုယ်တိုင် ရွေးချယ်ငှားရမ်းခဲ့သည်အထိ ထိုအလွတ်စုံထောက်က စုံစမ်းထောက်လှမ်းရေးကိစ္စများတွင် အရည်အချင်းရှိသလို ပရော်ဖက်ရှင်နယ်ဆန်သည်။ စိတ်ချယုံကြည်ရသည်။ သူအလုပ်လုပ်ခဲ့သည့် နှစ်များစွာအတွင်း ဆိုးရွားသည့် ဖြစ်ရပ်များစွာ မြင်တွေ့ဖူးပြီးသားဖြစ်သော်လည်း ကျောင်းတွင်းအနိုင်ကျင့်မှု အနည်းငယ်သာ ပါဝင်ခဲ့၏။ မည်သို့ပင်ဆိုစေ ကျောင်းတွင်းအနိုင်ကျင့်မှု၊ အကြမ်းဖက်မှုဟူသည် မျက်မှောက်ခေတ်ကာလ၌ လျစ်လျူရှု၍မရသော ပြဿနာကြီးတစ်ရပ်ပင်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now