26

1.5K 170 8
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း(၂၆) - Talk Show

ကံဆိုးစွာနှင့်ပင် ချန်းရှီကွေ့၏ပြန်လာရန် တွန့်ဆုတ်နေမှုကို နဉ်ရှီကသတိမထားမိခဲ့ချေ။ သူမ၏မိတ်ကပ်ကိုဖျက်ရန် အလှပြင်ဆင်ခန်းထဲသို့ ဝင်သွားလိုက်သည်။

အထဲမှာ အတူတူစကားပြော၊အတင်းပြောနေကြသည့် မိတ်ကပ်ပညာရှင်ပေါင်းများစွာရှိနေ၏။ သူမဝင်လာသည်ကိုမြင်သောအခါ သူမကို‌ နွေးနွေးထွေးထွေး ကြိုဆိုကြသည်။ သူမထိုင်လိုက်သည့်အချိန် သူတို့ကသူမအနား ရစ်ဝဲနေကြပြီး မိတ်ကပ်ကို စဖျက်တော့သည်။ နဉ်ရှီမကျော်ကြားခင်က ဤမိတ်ကပ်ပညာရှင်တွေဟာ သူမ‌အပေါ်ယဉ်ကျေးပြီး ခပ်စိမ်းစိမ်းဖြစ်၏။ ယခုနှင့်ယှဉ်လျှင်တော့ ကွာခြားချက်က တစ်ခုမျှသာ။

ဤသည်ကလည်း ဖျော်ဖြေရေးလောကတွင် ပုံမှန်ပါပင်။ ဤအပြုအမူက ထူးဆန်းသည်ဟု နဉ်ရှီမထင်ပါချေ။

သူမမိတ်ကပ်ကိုဖျက်ပြီးသွားသည့်နောက် နဉ်ရှီကအဝတ်လဲခန်းထဲဝင်သွား၍ အဝတ်သွားလဲလေသည်။ အပြင်ကကျူးမိုလီ၏အသံကို ကြားသည့်အခိုက်တွင် သူမ၏‌ရှေးဟောင်းအဝတ်အစားကို တစ်ဝက်မျှသာချွတ်ပြီးသေးသည်။ ကျူးမိုလီက သူမ၏မိတ်ကပ်ပညာရှင်ကို ဆံပင်တုချွတ်စဉ် သူမ၏ဆံပင်ကိုဆွဲမိခြင်းနှင့်ပက်သတ်၍ စောဒကတက်နေသည့်ပုံပင်။

မိတ်ကပ်ပညာရှင်က တောင်းပန်လိုက်ပုံရသည်။ အပြင်မှာတိတ်ကျသွား၏။

နဉ်ရှီတံခါးဖွင့်ကာထွက်လာသည်။ ကျူးမိုလီကမော့ကြည့်လာကာ သူမထိုနေရာတွင်ရှိနေသည်ကိုမြင်တော့ နှာခေါင်းရှုံ့လိုက်၏။

အထင်သေးဟန်ရှိသည့် နှာခေါင်းရှုံ့သံက တိတ်ဆိတ်နေသည့် အဝတ်လဲခန်းထဲတွင်တော့ အလွန်တရာပြင်းထန်လျက်ရှိ၏။ အခန်းထဲရှိလေထုကား ရပ်တန့်နေတော့သည်။ နဉ်ရှီက ကျူးမိုလီကို ယဲ့ယဲ့လေးပြုံး၍ ကြည့်လိုက်သည်။ ပြီးနောက် သူမကအခန်းထဲရှိ မိတ်ကပ်ပညာရှင်အားလုံးကို ခေါင်းညိတ်ပြကာ ထွက်သွားတော့သည်။

ထိုနေရာတွင်ရှိနေသည့် မိတ်ကပ်ပညာရှင်အနည်းငယ်၏အမြင်အရ ကျူးမိုလီ၏အထိမခံနိုင််ခြင်း၊ EQနှင့်အတွေးတွေက သူမ၏ဂျူနီယာ နဉ်‌ရှီလောက်ပင် မကောင်းပါချေ။ မည်သည်ကိုမျှမကြောက်သည့် လူတစ်ယောက်သည်ပင် နှိုင်းယှဉ်ခံရခြင်းကိုကြောက်ရသေး၏။ အဘယ်ကြောင့်ဆို‌သော် နှိုင်းယှဉ်ခံရခြင်းက လူတစ်ယောက်ကိုရိုက်ချဖို့လွယ်သလို ဆွဲတင်ဖို့လည်းလွယ်နေ၍ပါပင်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now