92

701 87 2
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း - (၉၂)

ထိုရင်သပ်ရှုမောဖွယ်ကောင်းလှသောပုံမှာ ဓာတ်ပုံစတူဒီယိုတွေကတောင် ကြော်ငြာပုံအနေနှင့် သုံး၍ရပေ၏။ 

လတ်ဆတ်သင်းပျံ့နေသော ပန်းများအလယ် ညှို့ဓာတ်ပြင်းသောအလှလေးက အောက်ငုံ့ကြည့်နေပြီး မြေပေါ်ဒူးတစ်‌ဖက်ထောက်ထားသည့် အမျိုးသားက အလှလေးကို မော့ကြည့်နေ၏။ တစ်ဖက်လူဟာ သူတို့ကမ္ဘာလေးထဲရှိအရာရာ ဖြစ်နေသည့်အလား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

အကယ်၍... ပုံထဲရှိဇာတ်ဆောင်အမျိုးသမီးက နဉ်ရှီမဟုတ်ခဲ့လျှင် ဤမျှမှင်သက်ဖွယ်ကောင်းသောပုံမျိုးက လူတိုင်းကို ရင်ထဲထိသွားစေနိုင်၏။ 

ဒီမတိုင်ခင်က လူတစ်စုဟာ နဉ်ရှီကိုနာမည်ဖျက်ရန် အသည်းအသန်ဖြစ်နေကြပြီး ချန်းရှီကွေ့နှင့်နဉ်ရှီတို့ လမ်းခွဲမည့်သတင်းကို မျှော်လင့်စောင့်စားနေကြသည်။ သို့သော် နောက်တစ်စက္ကန့်အတွင်းမှာပဲ မျက်နှာဖြတ်ရိုက်ခံလိုက်ရရှာ၏။ အကယ်၍ အနှီ Weibo Post ကို တခြားလူတင်ထားခဲ့ပါက ဖိုတိုရှော့လုပ်ထားသည်ဟု ပြန်ငြင်း၍ရ‌သေးသည်။ သို့သော်လည်း  Weibo account ပိုင်ရှင်က “သတိရှိရှိပြုမူပြောဆိုပါ” ဖြစ်နေ၏။

“သတိရှိရှိပြုမူပြောဆိုပါ” ဟူသော အင်တာနက်သုံးစွဲသူကို ချန်းရှီကွေ့၏ ဝမ်းကွဲဖြစ်သူ၊ ထောင်မိသားစု၏ အနာဂတ်သခင်ကြီး၊ မြို့တော်ထဲရှိ လူချမ်းသာမိသားစုမှ သခင်လေးတစ်ယောက်အဖြစ် လူသိများပေ၏။ သူ၏ဂုဏ်ယူဝမ်း‌မြောက်ကြောင်း ဖော်ပြနေသောပို့စ်ဟာ အခြေအမြစ်မရှိကောလာဟလများက အသုံးမဝင်၊ ချန်းရှီကွေ့က ထိုအရာများ၏ သက်ရောက်မခံရရုံသာမက နဉ်ရှီကို လက်ထပ်ခွင့်ပင်တောင်းလိုက်ကြောင်း ပြောနေတာနှင့် အတူတူပင်။

ဖြစ်စဥ်အလှည့်အပြောင်းက ဟာရီကိန်းအလား မြန်ဆန်လှကာ မည်သူမျှ အချိန်မီမတုံ့ပြန်နိုင်လိုက်ပေ။

အင်တာနက်သုံးစွဲသူများကို ရှော့ခ်အရသွားစေဆုံးက နောက်မိနစ်သုံးဆယ်အကြာတွင် ချန်းရှီကွေ့နှင့်နဉ်ရှီကို followထားပြီး သူတို့နှစ်ယောက်က follow ထားသော Weiboသုံးစွဲသူတစ်စုက ထောင်ရှန်းရန်၏postကို repostလုပ်ကာ သူတို့က အင်တာနက်တစ်ခွင် ပျံဝဲနေသည့် ကောလာဟလတို့က မရှိသည့်အလား နဉ်ရှီတို့ကို ပျော်ပျော်ကြီး ဆုမွန်ကောင်းပေးလိုက်ကြသေးသည်။ 

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now