61-2

1K 159 15
                                    

Translated by milimwwwww

Unicode

"လှပသော အိမ်ငယ်ကလေး"၏ ပို့စ်သည် အင်တာနက်တစ်ခွင်လုံးကို ရှော့ခ် ရသွားစေခဲ့သည်။ နဥ်ရှီအား တိုက်ခိုက်ရန်လုပ်နေသည့် အင်တာနက်ရေတပ်ကြီးများလည်း ရပ်သွားကြ၏။ အဆုံးသတ်တွင် ဤအရာသည် ပုံမှန် ရိုးရိုးသားသား ကောလဟာလများ၏ ပြဿနာမဟုတ်တော့ချေ၊ အသက်များသည် ချိန်ခွင်ရိုးအပေါ်တွင် ရှိနေသည်သာ။

အချိန်နာရီ အနည်းငယ်အကြာတွင် "လှပသော အိမ်ငယ်ကလေး"၏ ပို့စ်ကို ပြန်တင်သူပေါင်း ရာထောင်ချီကျော်နေလေပြီ။ ဒေါသထွက်နေသော လူအမြောက်အမြားသည်လည်း သူများကို ထိခိုက်ပျက်စီးအောင်လုပ်ပြီး ယခုအချိန်ထိ ပုံမှန် အရင်အတိုင်းဖြစ်နေသေးသော ထိုအထက်တန်းကျောင်းသားများအား ရိုက်သတ်ပစ်ချင်နေကြ၏။

သူတို့သည် နဥ်ရှီ ဆယ်ကျော်သက်မျှသာ ရှိသေးသောအရွယ်တွင် ထိုခက်ခဲသောအချိန်များကို ဘယ်လိုများ ဖြတ်သန်းခဲ့သလဲ မတွေးမိနိုင်အောင်ပေ။ ကျောင်းသားများ၏ စနောက်မှုတစ်ခုကြောင့် သူမ၏ အဖေသည် ကားမတော်တဆမှုတွင် အသက်ဆုံးရှုံးခဲ့ရကာ သူမ၏ အမေသည်လည်း စိတ်ကျရောဂါကြောင့် ကိုယ့်ကိုကိုယ် သတ်သေခဲ့သည်။ နှစ်များစွာကြာပြီးနောက်လည်း ထိုအတန်းဖော်များသည် သူမ၏ အရင်ပုံများကို တမင်တကာ ထပ်တင်ကာ အသရေဖျက်ဖို့ လုပ်ကြသေးပြန်သည်။

ဤလူများတွင် လူသားဆန်မှုဟူသည့် အပိုင်းအစလေးများ ရှိသေးပါရဲ့လော?

"ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ" ရုပ်ရှင်၏ ရိုက်ကူးရေးကွင်းမှာ ရှိနေသောအခြေအနေက အနည်းငယ်တော့ ကွာခြားနေချေသည်။ သဘောမကောင်းသော ဒါရိုက်တာလင်ပင်လျှင် နဥ်ရှီကို အထူးသဖြင့် ကြင်နာနေပေသည်။ ထုတ်လုပ်ရေးအဖွဲ့၏ အရှိန်ကို နှေးပေးရုံသာမက နဥ်ရှီကို တစ်ခါတရံ နားပေးဖို့လိုမလို မေးမြန်းကာ ပြောင်းလဲသွားသော လူတစ်ဦးလိုမျိုး ပြုမူနေ၏။

အကယ်၍ ယခင်ကဆိုလျှင် ယခုလိုအခြေအနေမျိုး၌ လူများသည် သူ၏အပြုအမူကို ထူးဆန်းသည်ဟု ထင်ကြပေလိမ့်မည်။ သို့သော် ဤနေ့တွင် ဒါရိုက်တာလင်သည် နဥ်ရှီကို အထူးတလည် ဘက်လိုက်ကာ ဆက်ဆံပေးနေသည်ဟု မည်သူမျှ မထင်ကြပေ။ ဤအခြင်းအရာသည် ဒါရိုက်တာလင် တစ်ယောက်တည်းသာ ဖြစ်နေခြင်းမဟုတ်၊ အခြားသူများလည်း နဥ်ရှီ့အပေါ် ကောင်းကောင်း ဆက်ဆံပေးချင်ကြလေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now