65-2

1K 145 0
                                    

Unicode

အပိုင်း - (၆၅/၂)

အချစ်ရေးကိစ္စ ဖွင့်ချလိုက်ပြီးနောက် ရုပ်ရှင်အဖွဲ့သားများ၏ နဉ်ရှီအပေါ် ပြုမူဆက်ဆံပုံက အပြောင်းလဲကြီး ပြောင်းလဲသွားသော်လည်း နဉ်ရှီသည် အလုပ်ကိုသာ အာရုံစိုက်ထားဆဲ။ ငိုရမည်ဆိုလျှင် ငိုပေးလိုက်သည်။ ချော်လဲရမည့် နေရာရောက်လျှင် ချော်လဲပေးလိုက်သည်။ ယခင်လို ပရော်ဖက်ရှင်နယ်ဆန်ဆန် သရုပ်ဆောင်နေဆဲပင်။ ထိုအပြုအမူလေးကြောင့် သူမကို ကြည့်မရဖြစ်နေခဲ့သော တချို့လူများပင် အမြင်သစ်ဖြင့် ရှုမြင်လာကြတော့သည်။

မနက်ခင်းပိုင်းရိုက်ကွင်းက ရှောရှောရှူရှူ ပြီးဆုံးသွားခဲ့လေ၏။ ညနေပိုင်းတွင် နဉ်ရှီအတွက် ရိုက်ကွက်နှစ်ခုသာ ရှိသဖြင့် အားလပ်ချိန်ရနေသည်။ ထိုအချိန်တွင် ‘ချန်း*ချီယန်’ ဟု သူ့ကိုယ်သူ မိတ်ဆက်လာသော လူတစ်ယောက်က သူမထံ ဖုန်းခေါ်လာသဖြင့် နဉ်ရှီလည်း ထိုလူနှင့် အတော်ကြာအောင် စကားပြောလိုက်ရသည်။

“မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးမယ်..?” နဉ်ရှီက ကိုင်ထားသော ဇာတ်ညွှန်းကိုလှန်ရင်း အသာမျက်တောင်ခပ်လိုက်သည်။ “မစ္စတာချန်း*.. ရှင် ကျွန်မပြောနေတာကို နားမလည်ဘူးပဲ..”

“ဟုတ်တယ်.. ကျွန်မ ချန်း*ယီကျွင်းကိုမုန်းတယ်.. ဒါပေမဲ့ အဲ့တာက ရှင်တို့နဲ့ပူးပေါင်းမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလေ..” နဉ်ရှီက ခနဲတဲ့တဲ့ ပြောလိုက်သည်။ “ရှင့်အမေက ချန်း*ကွမ်ရုန်မှာ မိန်းမရှိမှန်း သိနေတာတောင် ပျော်ပျော်ကြီး သခင်မ,တက်လုပ်နေတာ မလား.. ပြီးတော့ တရားဝင်မိန်းမဆီက ရသမျှအကုန်လိုချင်နေပြန်တယ်.. ရှင့်အမေရော၊ ရှင်ရော၊ ပြီးတော့ ချန်း*မိသားစုက အဖေရော၊ သားရော.. ကျွန်မအတွက်တော့ အကုန်လုံး အတူတူနဲ့အနူနူချည်းပဲ..”

“လူတစ်ယောက်က အဲ့လောက် အရှက်မမဲ့သင့်ဘူး..” ဖုန်းတစ်ဖက်မှ ဒေါသတကြီး အော်ဟစ်သံကြောင့် နဉ်ရှီ ပြန်ပြောလိုက်သည်။ “ကျွန်မက ရှင့်ကို တမင်အတိုက်အခံလုပ်နေတာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ ရှင့်အမေ၊ ချန်း*ယီကျွင်း၊ ချန်း*ကွမ်ရုန်၊ ပြီးတော့ ရှင်တို့အားလုံး ကောင်းတဲ့လူတွေ မဟုတ်ဘူး..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now