100

679 81 0
                                    

Unicode

နဉ်ရှီသည် သူတစ်ပါးအပေါ် အမြဲတစေ ရိုသေလေးစားမှုရှိ၏။ လူအများအားကျရသည့် ချစ်သူခင်ပွန်းလောင်းမျိုး ပိုင်ဆိုင်ထားပါသော်ငြား မာနထောင်လွှားခြင်းမရှိသလို သူတစ်ဖက်သား ကသိကအောက်ဖြစ်ရအောင် ဘယ်သောအခါမှ မပြုမူတတ်ပေ။ သို့ဖြစ်ရာ ကျင်းယွမ်ဖုန်းကို အအေးဖြင့်ပက်လိုက်သည့် နဉ်ရှီ၏အပြုအမူကို ရိုက်ကူးရေးအဖွဲ့သားများ မြင်သောအခါ ပထမဦးဆုံးအတွေးကား… ကျင်းယွမ်ဖုန်းက နဉ်ရှီကို ဘာများလုပ်ခဲ့လို့ပါလိမ့်..?

ထိုသို့တွေးကြသည်မှာလည်း အထူးအဆန်းမဟုတ်။ ကျင်းဟုန်ခိုင်၏ မြာပွေတတ်လွန်းသည့်အကျင့်ကို လူတိုင်း သိထားကြရာ အစ်ကိုဖြစ်သူ ကျင်းယွမ်ဖုန်းကိုလည်း တစ်သွေးတည်းတစ်သားတည်း “ဒီအစ်ကိုရှိလို့ ဒီလိုညီမျိုးရှိလာတာ’ဟူ၍ ထင်မှတ်သွားကြခြင်း ဖြစ်သည်။

“ဘော့စ်..!” ကျင်းယွမ်ဖုန်း၏ အတွင်းရေးမှူးလည်း အတော်အံ့အားသင့်သွား၏။ သူမက နဉ်ရှီ ယခုလိုမျိုး တုံ့ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့နှင့် တစ်ရှူးတချို့ ခပ်မြန်မြန်ထုတ်ကာ ကျင်းယွမ်ဖုန်းထံ ကမ်းပေးလိုက်သည်။ ယောက်ျားမိန်းမ ကွာခြားချက်ကြောင့်သာမဟုတ်လျှင် သူမကိုယ်တိုင် ကျင်းယွမ်ဖုန်းကို သုတ်ပေးမိလိမ့်မည်။

မျက်နှာပေါ်မှ လည်ပင်းအထိ စီးကျလာသော အချိုရည်များကြောင့် ကျင်းယွမ်ဖုန်း၏ တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်လာပြီး လည်ပင်းတစ်လျှောက် စေးကပ်ကပ်ဖြစ်လာသဖြင့် မျက်နှာအမူအရာက မည်းမှောင်လာတော့သည်။ “ကြည့်ရတာ မစ်နဉ်ကို ‘အမူအကျင့်’ဆိုတဲ့ စကားလုံးအကြောင်း ဘယ်သူမှ မသင်ပေးခဲ့ပုံပဲ..”

သူက သူမ၏မိဘများ စောစောစီးစီး သေဆုံးသွား၍ နဉ်ရှီကို ဆုံးမသွန်သင်မည့်လူမရှိဟု လှောင်ပြောင်လိုက်ခြင်းပင်။

အပြေးရောက်လာသော ဝန်ထမ်းများပင် ထိုစကားကြောင့် ‘ဒီကျင်းယွမ်ဖုန်း အရမ်းလွန်တာပဲ..’ဟူ၍ ခံစားလိုက်ကြရသည်။ တခြားမည်သည့်စကားမျိုးပြောပါစေ ကိစ္စမရှိသော်ငြား သေဆုံးသူများကို ထည့်ပြောခြင်းက တကယ့်ကို လွန်လွန်းသည်။ ဒေါသကြီးသူနှင့်သာ တွေ့လျှင် ရိုက်နှက်ခံရခြင်းက အပေါ့ပါးဆုံးပြစ်ဒဏ် ဖြစ်လိမ့်မည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now