40

1.4K 170 47
                                    

Translated by llksk0907

Unicode

အခန်း - (၄၀)

ချန်းရှီကွေ့ ပေါ်လာသည်နှင့် ကျင်းရီ၏ဘေးတွင် ရှိနေသူများက ခြေလှမ်းအနည်းငယ် ဆုတ်သွားကြကာ အခုအခြေအနေနှင့် လုံးဝမဆိုင်သလို နေ,နေကြလေသည်။

အထူးသဖြင့် အောက်ဆွဲသမားများ။ သူတို့အတွက်မူ ချန်းရှီကွေ့ နဥ်ရှီကိုကာကွယ်နေသည်က ပုံမှန်မဟုတ်ချေ။ ယောကျာ်းတစ်ယောက် အနေဖြင့် ဤကဲ့သို့ အရေးကြီးအခမ်းအနားအား မိန်းမတစ်ယောက်ကို ခေါ်လာခြင်းက ထိုလူ၏နှလုံးသားထဲတွင် နေရာတစ်နေရာရှိနေပြီးပြီ ဖြစ်ကြောင်း သက်သေပြနေလေပြီ ဖြစ်၏။

"တူလေး ချန်း၊ ရီရီက မစ်နဥ်နဲ့ ပြဿနာသေးသေးလေး တက်ရုံပါပဲ။ အဲ့လိုမျိုး ထိခိုက်နစ်နာစရာတွေကို မစ်နဥ်ကို ခံစားခိုင်းမိလို့ တကယ်ကို အားနာ၊ တောင်းပန်ရပါတယ်" ကျင်းဟုန်ခိုင်သည် ချန်းရှီကွေ့ ဒေါသထွက်နေကြောင်း မြင်နိုင်၏။ သူ နဥ်ရှီဘက်လှည့်ကာ ပြောလိုက်သည်၊ "မစ်နဥ် ကျင်းမိသားစုက သခင်မလေးက ယောကျာ်းတစ်ယောက်အတွက်နဲ့ အမျိုးသမီးသရုပ်ဆောင်တစ်ယောက်ကို တမင်တကာခက်ခဲအောင် လုပ်တဲ့ကိစ္စတွေကို လူတွေသာသိသွားခဲ့ရင် ကျင်းရီက မရှက်ရင်တောင် ကျွန်တော်တို့မိသားစုက မျက်နှာအဲ့လောက်ထိ အများကြီး အပျက်မခံနိုင်ပါဘူးဗျာ"

နဥ်ရှီ သူမ၏ခေါင်းကို ငုံ့လိုက်ကာ ညင်ညင်သာသာ ရယ်လိုက်၏၊ "အထက်တန်းကျတဲ့မိသားစုထဲကိုမှ တုံးတိနဲ့ ပွင့်ပွင့်လင်းလင်းရှိတဲ့ အကျင့်စရိုက်နဲ့ မွေးဖွားလာတော့မှ ကျွန်မက ဘယ်လိုလုပ်အပြစ်ပြောနိုင်တော့မှာလဲရှင်?"

ထိုစကားလုံးများသည် အပြစ်မတင်ရက်သော ကြင်နာသောပုံရှိနေသော်လည်း တကယ့်အမှန်တရားတွင်မူ စကားလုံးတိုင်းက ဆူးများပါရှိနေလေသည်။ မစ်ကျင်းက နိုင့်ထက်စီးနင်း လုပ်တတ်သည့် အကျင့်စရိုက်ဆိုးရှိပြီး နဥ်ရှီလို သရုပ်ဆောင်ငယ်လေးတစ်ဦးက အပြစ်မတင်ရက်ပါဟု ဆိုလိုခြင်းသာဖြစ်သည်။

ထိုသို့စကားလုံးများကို ကြားရခြင်းသည် ကျင်းဟုန်ခိုင်အား သဘောမကျဖြစ်သွားစေသည်။ သို့သော်ငြား နဥ်ရှီ၏ မားမားမတ်မတ်ပုံလေးအား ကြည့်ကာ သူ၏နှလုံးသားက တစ်ဖန်ပျော့သွားပြန်၏။ ထိုသို့လှပကာ ငယ်ရွယ်သောကောင်မလေးသည် ရုတ်တရက်စော်ကားခံလိုက်ရခြင်းအား ဒေါသထွက်သည်ကား ဖြစ်နိုင်ပေပါသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now