23

1.5K 192 5
                                    

Unicode

အခန်း (၂၃) - ထိခိုက်မိခြင်း

ချန်းရှီကွေ့က ထိုမြင်ကွင်းကို မမှိတ်မသုန် စိုက်ကြည့်နေတာကြောင့် ပရိုဂျူဆာလည်း ရိုက်ကွင်းအကြောင်း သိချင်နေတာထင်ပြီး ကင်မရာများကို မည်သို့မည်ပုံ ထိန်းချုပ်ထားကြောင်း၊ ဝါယာကြိုးချိတ်ဆက်ပုံနှင့် လှလှပပလေးထွက်လာအောင် မည်သို့မည်ပုံ ရိုက်ကူးရကြောင်း စသည်ဖြင့် ရှင်းပြတော့သည်။ သို့သော် သူအကြာကြီးရှင်းပြနေခဲ့သော်လည်း ချန်းရှီကွေ့၏ မျက်နှာအမူအရာက ပြောင်းလဲမှုမရှိ။ တကယ်တမ်းတော့ သူဘာပြောပြော ချန်းရှီကွေ့က မျက်နှာသေဖြင့်ပင်။ ပရိုဂျူဆာကသာ မမှတ်မိခြင်းသာ။

ချန်းရှီကွေ့က အောင်မြင်ကျော်ကြားသော အမျိုးသားများ၏စံနမူနာ ဖြစ်ထိုက်ပါပေသည်။ သူ၏ခံစားချက်သာမက မျက်နှာအမူအရာကိုပင် ခန့်မှန်းရခက်လှသည်။

ရိုက်ကူးရေးအဖွဲနှင့် လက်တွဲလာတာ ကြာပြီဖြစ်တာကြောင့် ပရိုဂျူဆာလည်း ဇာတ်ညွှန်းရေးဆရာလို ဖြစ်လာခဲ့၏။ သူ့ရဲ့စိတ်ထဲ ‘အေးစက်စက်ဥက္ကဋ္ဌ’၏ပုံရိပ်များ ဖြတ်သန်းသွားပြီး အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါ်ထွက်လာတော့သည်။

“ဒီလိုရိုက်ကွင်းတွေမှာ မတော်တဆထိခိုက်တာမျိုး ဖြစ်တတ်လား..?”

ချန်းရှီကွေ့က ဒါရိုက်တာနှင့်မလှမ်းမကမ်းတွင် မတ်တပ်ရပ်လိုက်ကာ သရုပ်ဆောင်များ ဇာတ်ကောင်အလိုက် သရုပ်ဆောင်နေသည်ကို ရပ်ကြည့်နေခဲ့လေသည်။ ကင်မရာအများအပြားက ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးနေ၍ ရိုက်ကူးရေးအဖွဲ့သားများလည်း ပတ်ပတ်လည် ဝန်းရံနေတော့သည်။ ထို့ကြောင့် မြင်ကွင်းတစ်ခုလုံးက အလုပ်ရှုပ်နေသလို ရှုပ်ထွေးနေသည်။

“အနည်းနဲ့အများဆိုသလိုတော့ ရှိတတ်ပါတယ်..” ပရိုဂျူဆာက ပြန်ဖြေလိုက်သည်။ “ရိုက်ကွင်းခေါင်းဆောင်က အတွေ့အကြုံများပြီးသားဆိုတော့ ကြီးကြီးမားမား ထိခိုက်တာမျိုး ရှိလာမှာမဟုတ်ပါဘူး..”

ထိုစကားပြောပြီးရုံသာရှိသေးသည်။ ကြိုးပေါ်မှအမျိုးသမီးသရုပ်ဆောင်တစ်ယောက် ဟန်ချက်ပျက်သွားပြီး ကင်မရာနှင့် ဝင်ဆောင့်မိလေ၏။ သူမ၏ကျောနှင့် ထိခိုက်မိသွားပြီး ဘမ်းခနဲအသံကြီးပင် ပေါ်ထွက်လာရသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now