33-2

1.3K 192 41
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း(၃၃.၂)

“နဉ်ရှီရေ...နောက်တစ်ခန်းက တိုက်ခိုက်ရမဲ့အခန်းနော်။ မင်းဆက်လုပ်နိုင်ပါ့မလား?” ခုန်းယွီဟန်က ဇာတ်ကွက်ကို နဉ်ရှီထံ အသေးစိတ်ညွှန်ကြားပြီးသွားပြီ။ “လူစားထိုးတစ်ယောက် သုံးချင်လား? အနီးကပ်ရိုက်ချက်တချို့နဲ့တော့ အစားထိုးလိုက်ရုံပဲလေ”

“ဒီsceneက အနီးကပ်ရိုက်ချက်တွေများတယ်။ လူစားထိုးသရုပ်ဆောင်ကိုသာ သုံးလိုက်မယ်ဆိုရင်  effectက ကြည့်ရဆိုးနေရုံတင်မက ပရိသတ်တွေလည်း ဒါကိုအပ်တပ်ပြောနိုင်လိမ့်မယ်” “အဆင်ပြေပါတယ်...ရိုက်ကူးဖို့ အသင့်ပြင်ကြတာပေါ့” 

ပထမဇာတ်လမ်းက ချောင်မင်းဆက်၏ လူနေမှုကျပ်တည်းတဲ့ကာလကို ဇာတ်အိမ်တည်ထားတာကြောင့် အမျိုးသမီးဇာတ်လိုက်ဖြစ်သည့် နဥ်ရှီအနေနှင့် တိုက်ခိုက်ခန်းအချို့ကို သရုပ်ဆောင်ရလိမ့်မည်။ ထိုဇာတ်ကွက်များတွင် လူထုကိုဦးဆောင်ရမည့် ဘဝအခက်အခဲများ၊ ကူကယ်ရာမဲ့မှုများ၊ ဆုံးဖြတ်လုပ်ဆောင်ရမည့်ကိစ္စတွေကို အရိပ်အမြွက် ဖော်ပြထားလိမ့်မည်။

နဉ်ရှီက အက်ရှင်အခန်းရိုက်သည့်နေရာတွင် အတွေ့အကြုံရှိပြီးသားဖြစ်သည်။ သို့သော်ငြား ထိုအရာများက ဇာတ်ကား၏ကြိုက်နှစ်သက်မှုနှုန်း တိုးလာစေရန် မြူးကြွစေသည့်သက်ရောက်မှုအတွက်သာ ရည်ရွယ်ပေသည်။ ဤရုပ်ရှင်နှင့်မတူတာကတော့ တိုက်ခိုက်ရေးအခန်းတွေကို လူတစ်ယောက်၏စိတ်ခံစားချက်များကို ဖုံးကွယ်ထားရန်အတွက်သာ အသုံးပြုခဲ့ကြသည်။

ခုန်းယွီဟန်သည် စေ့စပ်သေချာသော ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ သူမရိုက်ကူးခဲ့သည့်ဇာတ်လမ်းများက ကျိုးကြောင်းဆီလျော်သည်သာမက နက်နဲသိမ်မွေ့ပေသည်။ မည်သို့ပင်ဆိုစေကာမူ ပရိသတ်များ၏အမြင်တွင်တော့ ဇာတ်လမ်းဇာတ်‌ကြောင်းတွင် နက်နဲမှုရှိနေသည်ဖြစ်စေ မရှိ‌သည်ဖြစ်‌စေ သူတို့ဂရုမစိုက်ပေ။ သူတို့စိတ်ထဲရှိသည်က တိုက်ခိုက်တဲ့အခန်းများနှင့် ရန်ပွဲများက စိတ်ဝင်စားဖွယ်ကောင်းသလားကိုပင်။ 

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now