35-1

1.2K 192 27
                                    

Translated by milimwwwww

Unicode

အခန်း - (၃၅)

စကားလုံးတွေသည် အနုပညာလက်ရာတစ်ခု၏ တံခါးချပ်ကဲ့သို့ လူများသည်လည်း ကျိန်ဆဲဖို့ရာ သိသည့် လူကိုမကြိုက်ကြပါချေ။

ဝေစစ်ချီ၏ ပါးစပ်ထဲတွင်ရှိနေသေးသည့် သောက်ဝက်မဆိုသည့် စကားလုံးများသည် နဥ်ရှီ ဘာမျှမလုပ်သည့်တိုင် အဓိပ္ပါယ်မရှိသည့် အကြောင်းအရာများဖြင့် သူမကို တံဆိပ်ကပ်လိုက်ကြောင်း ပြနေသည်။

နဥ်ရှီပေါ်လာသည့်အချိန်တွင် ဝေသုန်လိုင်သည် ထိတ်လန့်သွား၏။ သူ၏ ညီမငယ်လေး "သောက်ဝက်မ "စသည့် ကျိန်ဆဲသံများကို ကြားနေရသည်မှာ သူ့ကိုယ်သူ အသိပြန်ဝင်သွားစေပေသည်။

သူ၏မှတ်ဉာဏ်ထဲမှ သူ့ညီမလေး သည်အမြဲတမ်း ချိုမြိန်ကာ ချစ်ဖို့ကောင်းနေခဲ့သည်ချည်းသာဖြစ်သည်။ ဘယ်လိုတောင် သူမ ထိုစကားလုံးများကို ပြောနိုင်ရတာလဲ? သူတို့၏ ဝေမိသားစုသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ် က လျှပ်စစ်ပစ္စည်းများကိုရောင်းချရသည်ကိုသာ မှီခိုနေရတာဖြစ်ခဲ့သည်။ နေ့ချင်းညချင်း ချမ်းသာလာခဲ့ပြီး ထိုကိစ္စနှင့်ပတ်သတ်ပြီးဝေဖန်မခံရစေရန် သူတို့၏မိသားစုသည် အပြင်ပန်းတွင် တစ်ပါးသူများ အမှားရှာမည်ကိုစိုးသဖြင့် သူတို့၏ အပြုအမူနှင့် မျက်နှာပန်းလှအောင် ဂရုတစိုက်နေကြခြင်းဖြစ်သည်။

"ဒီမိန်းကလေးငယ် က ရှင့်စကားတွေက ဘာလိုဆိုလိုတာပါလိမ့်" နဥ်ရှီအရှေ့တိုးလာကာ, ကြမ်းပြင်ပေါ်တွင်ရှိသည့် ဝေစစ်ချီကို ကြည့်ဖို့ရန် ခါးအနည်းငယ်နှိမ့်လိုက်၏။

"ဝတာဖြစ်စေ ပိန်တာဖြစ်စေ ၊ အဲ့လိုဖြစ်တာနဲ့ပဲရှင်လက်လွတ်စပယ်သူများကို စော်ကားတယ်လို့ဆိုလိုတာမဟုတ်ဘူး။ အရပ်ရှည်တာ ပုတာ ဝတာ ပိန်တာ တွေက လူတစ်စုံတစ်ဦးရဲ့ အပေါ်ယံသပ်သပ်ပဲ၊ ဘဝမှာ အဓိက,က ကိုယ်ကျင့်တရားဖြောင့်မတ်ဖို့.."

ထိုသို့ စက်ဆုပ်စရာကောင်းသလို ပြောခံရပြီးနောက်တွင် ဝေစစ်ချီသည် မမူးတော့ပေ။ သူမ နဥ်ရှီအား ကြည့်လိုက်ကာ ရုတ်တရက်ထပြီး စိတ်ပူပန်စွာ ပြန်ပြေးဖို့လုပ်တော့၏။ သို့ရာတွင် သူမ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်ဖြစ်သောကြောင့် သူမ၏လက်တွေကိုသာ စိတ်ကစဥ့်ကလျားဖြင့် အနောက်ကို တွန်းကာ ပြန်ပွတ်ဆွဲ ပြီးသာသွားနိုင်လေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now