80

911 128 2
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း (၈၀)

ချန်းရှီကွေ့က သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော နဉ်ရှီကို ကြည့်လိုက်သည်။ သူက နဉ်ရှီလည်ပင်းအောက်မှာ ရောက်နေသည့် သူ့လက်မောင်းကို အသာလေးထုတ်လိုက်ပြီး အပေါ်အင်္ကျီဝတ်၍ ဝရန်တာဆီလျှောက်သွားလိုက်သည်။

သူ့ဖုန်းမှာ missed callတွေ တသီကြီးနှင့် မက်ဆေ့ချ် အနည်းငယ်ဝင်ထား၏။ သူ့လက်တွေကို ဝရံတာလက်ရန်းပေါ်တင်ထားလိုက်ပြီး အမှောင်ယံညကောင်းကင်ကို တွေဝေမှင်သက်စွာ ကြည့်နေ၏။ 

နဉ်ရှီအိမ်ပြန်ရောက်လာတုန်းက သူတံခါးဖွင့်လိုက်သောအခိုက်တွင် သူလက်မခံနိုင်သောအရာကို နဉ်ရှီပြောလာမှာကို သူတကယ်စိုးရွံ့ခဲ့သည်။ နဉ်ရှီက သူမတောင်းပန်ပါတယ်လို့ ပြောလာချိန်တွင် သူမက သူ့ကိုထားရစ်ခဲ့တော့မည်ဟုပင် တွေးလိုက်မိသေးသည်။

သူဘာလို့ဆက်မမေးခဲ့လဲဆိုတာကို သူမ မေးခဲ့သည်၊ သို့ပေမဲ့ သူမ,မသိတာက သူစတင်မေးမြန်းလိုက်သည်နှင့် ထွက်လာမည့်ရလဒ်က ယခုလို ဖြစ်မနေမှာကိုပင်။ အမှန်တရားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၎င်းက သူမကို သူ့အနားမှာရှိစေခြင်းထက် အရေးမကြီးပေ။

သူမက ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်နည်းထက် နူးနူးညံ့ညံ့ကိုင်တွယ်တာကို ပိုကြိုက်တတ်သည့်လူမှန်း ရှီရှီကိုယ်တိုင်ကပင် မသိတာဖြစ်လိမ့်မည်။ သူဒီကိစ္စနောက်ကို ဆက်လိုက်နေခဲ့မည်ဆိုလျှင် သူ၏ စိုးရိမ်ကြောင့်ကြမှုက အခြေအနေကိုပိုဆိုးသွားစေနိုင်ပြီး သူတို့လမ်းခွဲရတာနှင့် အဆုံးသတ်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

နေ့ခင်းတုန်းက သူ ရဲစခန်းဆီ အပြေးသွားခဲ့သေးသည်။ သူရောက်နေချိန်မှာ နဉ်ရှီမထွက်သွားရသေးပေ။ သူကားပေါ်မှာ အကြာကြီးထိုင်‌နေခဲ့ပြီး နဉ်ရှီစခန်းအပြင်ထွက်လာမှသာ ကားပြန်လှည့်ပြီးပြန်သွားခဲ့တာ ဖြစ်သည်။

ဤကမ္ဘာပေါ်တွင် နဉ်ရှီကို သူ့လောက် ဘယ်သူမှ‌ ကောင်းကောင်းနားမလည်နိုင်ပါချေ။ သူမက စိတ်ထားနူးညံ့သူဖြစ်ပေမယ့် သူမအသည်းမာသည့်အချိန်လည်းရှိလေ၏။ သူနည်းလမ်းမှန်မှန်ကို ရွေးနိုင်သရွေ့ သူမ၏ အနူးညံ့ဆုံးသောအစိတ်အပိုင်းကို ရှာတွေ့နိုင်ပြီး အဆုံးမှာ သူမနှလုံးသားထဲကို ဝင်ရောက်နိုင်လိမ့်မည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now