25

1.5K 206 26
                                    

Unicode

အခန်း (၂၅) - မလိုမုန်းတီး။

ချန်းယီကျွင်း၏ ထိတ်လန့်တကြား အမူအရာကိုကြည့်ရင်း ချန်းချီကွေ့၏လက်ထောက်က ဟယ်သုန်နှင့်အတူ ချန်းယီကျွင်းကို ထူပေးလိုက်သည်။

ဤအမျိုးသမီးနှင့် ဆုံမိလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ချန်းရှီကွေ့ စိတ်ရှုပ်သွားရ၏။ ဆေးလိပ်ဘူးထဲမှ စီးကရက်တစ်လိပ် ထုတ်ယူလိုက်သည်။ မျက်စိရှေ့မှမြင်ကွင်းကိုကြည့်ရင်း သူ့ရဲ့လက်က တုန်ယင်နေခဲ့လေသည်။

နွေဦးပွဲတော်ကာလအတွင်း နဉ်ရှီနှင့်တွေ့ဆုံခဲ့စဉ်က ချန်းရှီကွေ့၏ 'မစ်နဉ်'ဟူသောခေါ်သံကို ကြားလိုက်ရသည်။ သို့သော် သူမက သူတို့အထက်တန်းကျောင်းမှ နဉ်ရှီဟုတ်မဟုတ် မသေချာသေးပေ။ သူမ၏ရုပ်ရှင် နာမည်ကြီးလာပြီးနောက် အွန်လိုင်းပေါ်တွင် နဉ်ရှီနှင့်ပက်သက်သော သတင်းများသာ လွှမ်းမိုးလာခဲ့၏။ နဉ်ရှီ၏ဓာတ်ပုံနှင့်နာမည်ကို တွဲမြင်လိုက်ခါမှ သူမဟာ သူဒုက္ခပေးခဲ့မိသော နဉ်ရှီ၊ သူဖျက်ဆီးမိခဲ့သော မိသားစုထဲမှ နဉ်ရှီဖြစ်ကြောင်း သိလိုက်ရသည်။

ငယ်ရွယ်စဉ်က ပြုလုပ်ခဲ့ဖူးသော 'ထိုနောက်ပြောင်ကျီစယ်မှု'အကြောင်း စဉ်းစားမိတိုင်း ချန်းယီကျွင်းမှာ ရှက်ရွံ့လာရပြီး ကျီးလန့်စာစားဖြစ်နေခဲ့၏။ နဉ်ရှီက သူ့ရဲ့နှလုံးသားထဲမှ ဆူးချွန်တစ်ချောင်းလိုပင်။ သူမအကြောင်းတွေးတိုင်း နာကျင်လာသလို၊ လိပ်ပြာမလုံသလို၊ ခံစားရလေသည်။

သူငယ်ချင်းဖြစ်သူ၏ အမူအရာကြောင့် ဟယ်သုန်လည်း အံ့ဩနေခဲ့၏။ အရင်တစ်ခေါက်က တွေ့ခဲ့ဖူးသော ထိုမိန်းကလေးသည် အဘယ်ကြောင့် ဤနေရာကို ရောက်နေရသနည်း။ သူမက တကယ်ပဲ နဉ်ရှီပေလော။ သို့သော် ဤနဉ်ရှီက အထက်တန်းကျောင်းမှနဉ်ရှီနှင့် အရမ်းကွာလွန်းနေသည်။ ချန်းယီကျွင်း အထင်မှားနေခြင်းလော။ နဉ်ရှီအစစ်သာဆိုလျှင် သူတို့ကိုမြင်နေသည့်တိုင် အဘယ်ကြောင့် အရမ်းတည်ငြိမ်နေပါသနည်း။

"အဟွတ်.. အဟွတ်..!" ဆေးလိပ်မီးခိုးငွေ့ကြောင့် ချန်းယီကျွင်း လည်ချောင်းသီးသွားပြီး ဘေးတစ်နေရာသို့ အမြန်သွားကာ ချောင်းဆိုးနေတော့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now