22

1.5K 203 4
                                    

Unicode

အခန်း (၂၂) - ရင်းနှီးမြှုပ်နှံခြင်း

လူသားများဟာ စိတ်လိုက်မာန်ပါလုပ်ပြီးမှ အကြောက်တရားကို နားလည်သွားတတ်ကြ၏။

ဒါရိုက်တာချင်းနှင့် တခြားလူများ ထွက်သွားသောအခါ ကျူးမိုလီ တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူမအဆုံးသတ်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။ ကျုးမိုလီက ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။ မည်သူမျှ သူမကိုကြည့်မနေပါသော်လည်း သူမ၏တုံးအမှုကြောင့် လှောင်ရယ်နေကြမှန်း သူမ,သိလိုက်သည်။

ဒါပေမဲ့ နဉ်ရှီဆိုတဲ့ မိန်းမပျက်မက တောင်းပန်နေသလိုလိုနဲ့ ရန်စနေတာလေ.. ဘယ်လိုတောင် ဟန်ဆောင်နိုင်ရတာလဲ..? ဓားကောက်နေတဲ့အချိန် အဲ့မိန်းမရဲ့မျက်နှာကိုတော့ ဘယ်သူမှမမြင်လိုက်ဘဲနဲ့။ ‘ငါနင့်ကိုရိုက်တယ်.. နင်ဘာတတ်နိုင်လဲ..?’ ဆိုတဲ့မျက်နှာပေးနဲ့.. မုန်းစရာကောင်းလိုက်တာ။ အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာကြာပြီ။ ဘယ်တုန်းကမှ လူသစ်တစ်ယောက်က သူမကို စိန်မခေါ်ခဲ့ဖူးဘူး။ ဒီနဉ်ရှီက တကယ့်ကို မိန်းမလည်မပဲ..!

အနုပညာလောကထဲ နှစ်တွေအများကြီး ကျင်လည်ခဲ့တာတောင် ဒီလိုမျိုးတစ်ခါမှ အနိုင်ကျင့်မခံခဲ့ရဖူးဘူး။ ဟိုမိန်းမရဲ့အမှားဆိုတာ သိသာနေတာပဲလေ။ ဘာလို့ သူမကိုပဲ အပြစ်တင်နေကြတာလဲ..? အခုတော့ လူတိုင်းရဲ့အမြင်မှာ သူမက ဂျူနီယာလေးတွေကို မဆင်မခြင်အနိုင်ကျင့်တတ်တဲ့လူ ဖြစ်သွားရပြီ..! xာသည်မ..! မုန်းဖို့ကောင်းလိုက်တဲ့ မိန်းမပျက်မ..!

ကျူးမိုလီ၏စိတ်ထဲတွင် နဉ်ရှီအား တွေးနိုင်သမျှအမျိုးစုံအောင် ဆဲရေးနေတော့၏။

နောက်တစ်နေ့မနက်၊ သရုပ်ဆောင်တချို့၏ ဇာတ်ကွက်များ ပြောင်းလဲသွားခဲ့သည်။ ယမန်နေ့က ကျူးမိုလီနှင့်နဉ်ရှီ၏ တိုက်ကွက်အစား နဉ်ရှီက တခြားဗီလိန်တစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရသည်။ သရုပ်ဆောင်နှစ်ယောက်၏ ရိုက်ကွက်ပြောင်းသွားသည်နှင့်အညီ ကျူးမိုလီ၏ scene တော်တော်များများလည်း ဖြတ်ထုတ်ခံလိုက်ရလေ၏။

သရုပ်ဆောင်နှင့် ရုပ်ရှင်အဖွဲ့သားများအားလုံး ဤအချင်းအရာက ချင်းချုံဟိုင်၏ ကျူးမိုလီအပေါ် သတိပေးခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထိုနည်းတူ နည်းပြလုနှင့် နဉ်ရှီတို့ကိုလည်း သတိပေးလိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် ဤမျှလွယ်လွယ်ကူကူ ပြီးဆုံးသွားလိမ့်မည်မဟုတ်ပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now