73

1K 143 13
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း (၇၃)

ချန်းရှီကွေ့က ဖုန်းခေါ်သူနာမည်ကို မြင်လိုက်သောအခါ မျက်မှောင်ကြုတ်သွားတော့သည်။ နဉ်ရှီက သူ့ဖုန်းကို ကြည့်လိုက်သည်။ ထိုနေရာတွင် “ဒေါ်လေး”ဟူသော စာလုံးတစ်လုံးသာရှိနေ၏။ နဉ်ရှီက သူမရဲ့ခွက်ကိုချထားလိုက်ကာ သူမWeibo account အောက်က comment တွေကိုသာ ဆက်ဖတ်နေလိုက်တော့သည်။ 

ချန်းရှီကွေ့က သူမခေါင်းကိုပုတ်ပေးလိုက်သည်။ ဖုန်းမကိုင်ခင် သူ့အပြုံးတွင် အလိုလိုက်သောအရိပ်အယောင်က ပေါ်နေခဲ့၏။

“ဒေါ်လေး” ချန်းရှီ‌ကွေ့၏အသံက အလွန်တရာအေးစက်လှသည်။ ထောင်မင်ယက သူ့အသံကိုကြားလိုက်ရချိန် သူမတုန်ယင်သွားရ၏။ သို့ပေသိ သူမ၏တရှုံ့ရှုံ့ငိုနေသောတူမနှင့် သူမကိုမျှော်လင့်တကြီးကြည့်နေသော သူမယောက်ျားကိုလှည့်ကြည့်လိုက်မိစဉ် သူမအနေနှင့် ရှေ့ဆက်တိုးရုံသာရှိတော့သည်။ “ရှီကွေ့...ဒေါ်လေး သားရဲ့အလုပ်ကိုနှောင့်ယှက်မိသွားလား?”

လက်တစ်ဖက်ကိုသုံး၍ နဉ်ရှီ၏ခါးကိုနှိပ်ပေးနေသော ချန်းရှီကွေ့က ပြတ်ပြတ်သားသားဆို၏။ “ရပါတယ်၊ ကျွန်တော်အလုပ်မှာမဟုတ်ဘူး..”

“အို့...” ထောင်မင်ယက အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလာသည်။ “မနေ့ကဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ‌ဒေါ်လေးတို့လူကြီးတွေအနေနဲ့ ဘာဖြစ်ခဲ့လဲဆိုတာကို သိထားပြီးပါပြီ။ ရှောင်ရီက ကမူးရှူးထိုးလုပ်တတ်တဲ့ ကလေးမလေးလေ ပြီးတော့ သူ့လုပ်ရပ်တွေက မတော်တဆ ဓာတ်ပုံရိုက်ခံလိုက်ရပြီး အွန်လိုင်းပေါ်အတင်ခံလိုက်ရတာပါကွယ်။ အွန်လိုင်းပေါ်က အဲ့ဒီလူတွေက ဘယ်လောက်ရက်စက်လဲဆိုတာ သားလည်းသိတာပဲ။ ဒေါ်လေးတို့ ကျင်းမိသားစုက တကယ်ကို အရှက်ရမိပြီး မိန်းကလေးနဉ်အပေါ် စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ့်ထက်နိမ့်ကျတဲ့သူနဲ့ပြိုင်ပြီး ရန်မဖြစ်ဘဲ သားနဲ့မိန်းကလေးနဥ်ကပဲ သဘောထားကြီးပေးလို့ မရဘူးလားဟင်?”

ချန်းရှီကွေ့က ပို၍မျက်မှောင်ကြုတ်သွားသည်။ သူ့ဒေါ်လေးက ဒီကိစ္စကိုအပြီးသတ်ပြီး ပြဿနာတစ်စထက်တစ်စ ပိုကြီးလာမှာကနေ ကာကွယ်ပေးဖို့ကြိုးစားနေမှန်း သူသိသည်။ ကျင်းမိသားစုရော ကျင်းရီရော ဤအရှက်ရမှုကို တောင့်ခံနိုင်စွမ်းမရှိကြပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now